
Photo Credit: Charlene An / Instagram
ဘန်ကောက်၊ ဖေဖေါ်ဝါရီ ၁
၂၀၂၃ ဇန်နဝါရီလ ၅ရက်နေ့က ဘန်ကောက်ကို အလည်အပတ်ရောက်နေတဲ့ ထိုင်ဝမ်မင်းသမီးတစ်ဦးဆီကနေ ငွေညှစ်ယူမှု ပေါ်ပေါက်ခဲ့ပြီး ထိုင်းရဲ့တပ်ဖွဲ့ဝင် ခုနစ်ဦးကို စစ်ဆေးခဲ့ရာက အမှုမှန်ပေါ်ပေါက်လာတာမို့ ထိုင်းရဲ မင်းကြီးက ဇန်န၀ါရီ ၃၁ ရက်က ပြန်တောင်းပန် လိုက်တယ်လို့ သိရပါတယ်။
မင်းသမီး ရှာလနီးအန် ဟာ ဇန်န၀ါရီလ ၅ ရက်နေ့ အစောပိုင်းက ဘန်ကောက်မှာ သူငယ်ချင်းတွေနဲ့အတူ တက္ကစီ နဲ့ လည် ပတ်နေတဲ့ အကြောင်း သူ့ရဲ့ လူမှုမီဒီယာမှာ တင်ခဲ့ပါတယ်။
ဆက်ပြီး တင်လိုက်တဲ့ ပို့စ်ကတော့ တက္ကစီပေါ်မှာ အီး-စီးကရက်သောက်မိလို့ ရာဇ၀တ်မှုစွဲချက်တစ်ခုနဲ့ ခြိမ်း ခြောက်ခံခဲ့ရပြီး ထိုင်းနိုင်ငံမှာ ဘတ် ၂၇၀၀၀ (အမေရိကန်ဒေါ်လာ ၈၂၀) ဒဏ်ငွေ ဆောင်လိုက် ရတယ် ဆိုပြီး တင်လိုက်တဲ့ ပို့စ်ပါ။
မင်းသမီးကို ဒဏ်ငွေဆောင်ခိုင်းတဲ့ စစ်ဆေးရေးဂိတ်မှာ တာဝန်ကျတဲ့ ရဲ့ အရာရှိနှစ်ဦး၊ တပ်ကြပ်ကြီးနှစ်ဦးနဲ့ အခြားအဆင့်သုံးးဦး အပါအဝင် အားလုံး ရဲခုနှစ်ဦးစလုံးကို ရာထူးဆိုင်းငံ့ထားပြီး စုံစမ်းစစ်ဆေးခဲ့ပါတယ်။ ဒီနောက်တော့ ရဲတွေဘက်က အပစ်ရှိတဲ့အကြောင်း ပေါ်ထွက်လာပြီးတဲ့နောက် ရဲမင်းကြီး ကိုယ်တိုင် ပြန် တောင်း ပန်ခဲ့တာပါ။
“ရဲကောင်းတွေ အများကြီးရှိပါသေးတယ်။ ကောင်းတဲ့သူတွေကို အားပေးပြီး မကောင်းတဲ့သူတွေကိုတော့ ကိုင်တွယ်ဖြေရှင်းရမယ်” လို့ ရဲချုပ် ဒန်မရွန်ဆပ် က ရဲဌာနချုပ်မှာ သတင်းထောက်တွေကို ခေါ်တွေ့ပြီး ပြောခဲ့ ပါတယ်။ ဆက်ပြီး ရဲချုပ်ကပဲ…. “ကျွန်တော်တို့မြို့မှာ ဧည့်သည်တွေ များလာတာမို့ လူဝင်မှု ကြီးကြပ်ရေး ရဲတပ်ဖွဲ့၊ ခရီးသွားရဲတွေနဲ့ ဒေသဆိုင်ရာ ရဲတွေက ခရီးသွားတွေကို အကောင်းဆုံး ဂရုစိုက်ပေးရမယ်။ နောက်ပြီး ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေအတွက် အမှားအယွင်း ရှိရင် အဖွဲ့အစည်းရဲ့ အကြီးအကဲအနေနဲ့ ထိခိုက်နစ်နာခဲ့ ရသူ တွေကို တောင်းပန်ပါတယ်” လို့ ပြောပါတယ်။
အပြစ်ရှိရင် ဘယ်သူမဆို အပြစ်ပေးခံရ မယ်လို့လည်း သူက ထပ်ပြောပါသေးတယ်။
ထိုင်းရဲတွေက အစောပိုင်းမှာ စွပ်စွဲချက်ကို ငြင်းခဲ့ပြီး မင်းသမီးက အမူးလွန်နေပြီး ဘာသာစကားလည်း အခက် အခဲ ရှိနေတာကြောင့် ရဲတွေက တောင်းတဲ့ ခရီးသွားစာရွက်စာတမ်းတွေ ထုတ်မပြနိုင်ခဲ့ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ဒီလို ဖြစ်ပျက်ခဲ့တာ အမှန်ဖြစ်တဲ့အကြောင်း ရဲတွေဘက်က စီစီတီဗီ မှတ်တမ်း အပါအဝင် ခန္ဓာကိုယ် မှာ တပ်ဆင်ထားတဲ့ ကင်မရာ ( Body Cameras) မှတ်တမ်းလည်း မပြနိုင်ခဲ့ဘူးလို့ ဒေသတွင်း မီဒီယာတွေက ဝိုင်း ထောက်ပြခဲ့တယ်လို့လည်း သိရပါတယ်။
Ref: CNA