တိုင်ပေ၊ အောက်တိုဘာ ၁၂
အစ္စရေးနိုင်ငံအပေါ် ဟားမတ်စ်တို့ရဲ့ အံ့အားသင့်ဖွယ်တိုက်ခိုက်မှုကနေ သင်ခန်းစာယူဖို့ ထိုင်ဝမ်ဟာ အလုပ်အဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်ပြီလို့ ကာကွယ်ရေးဝန်ကြီး ချူ ခေါက် ကျန် က အောက်တိုဘာ ၁၂ ရက် ကြာသပတေးနေ့မှာ ပြောဆိုလိုက် ပါတယ်။
တရုတ်က သူ့ရဲ့ပိုင်နက်အဖြစ် တောင်းဆိုထားတဲ့ ထိုင်ဝမ်ဟာ ဘေဂျင်းဘက်က စစ်ရေးနဲ့ နိုင်ငံရေး ဖိအားတွေ တိုးမြင့် လာ နေ ပြီး ၂၀၂၂ ခုနှစ် ဩဂုတ်လကတည်းက ကျွန်းတွေနားမှာ စစ်ပွဲ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခ ဖြစ်လာမှာကို ထိုင်ဝမ်က စိုးရိမ်စိတ်တွေ မြင့်တက်နေခဲ့တာလည်း ဖြစ်ပါတယ်။
ထိုင်ဝမ်ဟာ တရုတ်ရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရပြီး အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ဖြစ်ပျက်နေတဲ့ ပြသနာနဲ့ ကြီးမားတဲ့ ကွာခြားချက်တွေ ရှိနေပေမယ့်လည်း တရုတ်တို့က ကျွန်းကို ကျူးကျော်ဖို့ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ရမှာ ဖြစ် တယ်လို့ တိုင်ပေက ပြောပါတယ်။
ပါလက်စတိုင်း ဟားမတ်စ် စစ်သွေးကြွတွေနဲ့ အစ္စရေးတို့ရဲ့ ပဋိပက္ခကနေ ထိုင်ဝမ်က သင်ခန်းစာယူစရာတွေ နဲ့ပတ် သက် ပြီး ဝန်ကြီးဌာနဟာ အခြေအနေကို စောင့်ကြည့်ဖို့ လုပ်ငန်းအဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်တဲ့အကြောင်း သိရပါတယ်။
“ကနဦး သင်ခန်းစာ ကတော့ ထောက်လှမ်းရေးအလုပ်က အရမ်းအရေးကြီးတယ်။ ထောက်လှမ်းရေးက တန်ပြန်အရေး ယူမှုတွေ အများကြီးလုပ်နိုင်တယ်။ စစ်ပွဲကိုတောင် ရှောင်ရှားနိုင်တယ်” လို့ ချူက ပြောပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်တို့ကြားက တိုက်ပွဲတွေဟာ စစ်ရဲ့ ကြောက်မက်ဖွယ်ကောင်းမှုတွေကို ပြသနေပြီး မိမိတို့အနေနဲ့ စစ်ရေးအရ တိုက်ခိုက်ရေး အဆင်သင့် မြှင့်တင်ဖို့ လုပ်ဆောင်နေပေမယ့်လည်း ပဋိပက္ခဖြစ်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
နောက်ပြီးလည်း ကာကွယ်ရေးဝန်ကြီး ချူက “စစ်ပွဲကို ရှောင်ရှားဖို့ ဆိုတာ လူတိုင်းရဲ့ မျှဝေမျှော်လင့်ချက်ပဲ” ဆိုပြီး ပြောခဲ့တယ်လို့ သိရပါတယ်။
Ref: Reuters/rc
ပုံစာ ။ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ချူ ခေါက် ကျန်ကို တွေ့ရပုံ
Feature Image Credit: Reuters/Carlos Garcia Rawlins)