တိုင်ပေ၊ ဩဂုတ် ၈
ထိုင်ဝမ်စီးပွားရေးသမားတစ်ယောက်နဲ့ သူ့သားဖြစ်သူတို့ဟာ ကျွန်းရဲ့ အကြီးဆုံးစစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်တဲ့ အချက် အလက်တွေကို တရုတ်နိုင်ငံကို ပေးပို့တဲ့ ခဲ့တယ် ဆိုပြီး ဖမ်းဆီးခံထားရ တဲ့စစ်သား နှစ်ဦးကို ကူညီပေး ခဲ့တယ်လို့ ဖော် ထုတ်နိုင်ခဲတဲ့ အကြောင်း တိုင်ပေ ကထုတ်ပြောလာပါတယ်။
ထိုင်ဝမ်က သားအဖဟာ စီးပွားရေးလုပ်ဖို့ ဆိုကာ ၂၀၁၅ ခုနှစ်မှာ တရုတ်နိုင်ငံအရှေ့တောင်ပိုင်း ဖူကျန်းပြည်နယ်ကို သွား ရောက်စဉ်မှာပဲ သူ့တို့သားအဖကို တရုတ်အရာရှိနှစ်ဦးက ထိုင်ဝမ်နိုင်ငံရဲ့ လျှို့ဝှက်နိုင်ငံတော် ကာကွယ် ရေးစာရွက် စာ တမ်းတွေ စုဆောင်းပေးဖို့ စည်းရုံးခဲ့တာလို့ တိုင်ပေကဆိုပါတယ်။
သားအဖနှစ်ယောက်ဟာ အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေဖို့ ရည်ရွယ်ပြီး ထိုင်ဝမ်မှာ တာဝန်ကျနေတဲ့ စစ်မှုထမ်း တွေကို စီးရုံးပြီး လျှိုဝှက်ကွန်ရက်တစ်ခု တည်ထောင်ဖို့ ကြိုးစာနေတဲ့အကြောင်းလည်း ဩဂုတ်လ ၇ ရက်နေ့က စစ်ဆေး ဖော်ထုတ်ခဲ့ပါတယ်။
သူတိုနှစ်ယောက်ကို လတ်တလောမှာ နိုင်ငံတော်လုံခြုံရေးဥပဒေနဲ့ နိုင်ငံတော်လျှို့ဝှက်ချက်များ အကာအကွယ် ပေးရေး အက် ဥပဒေတို့ကို ချိုးဖောက်မှုနဲ့တရားစွဲဆိုထားပြီး စစ်သားနှစ်ယောက်ကတော့ တပ်မတော်ရာဇ၀တ် ကျင့်ထုံးဥပဒေနဲ့ အကျင့်ပျက်ခြစားမှုတွေ အတွက် စွဲချက်တင်ခံထားရပါတယ်။
လေတပ်က လေကြောင်းရန်ကာကွယ်ရေးနဲ့ ဒုံးကျည်ဌာနမှာ အလုပ်လုပ်နေတဲ့ စစ်သားနှစ်ယောက်ကို စွပ်စွဲခံ ထား ရတဲ့ သားအဖနှစ်ယောက်က တရုတ်အရာရှိတွေနဲ့တွေ့ဖို့ စီစဉ်ပေးခဲ့တယ်လို့ အဆိုပါထုတ်ပြန်ချက် မှာ ဖော်ပြထားတယ်လို့ လည်း သိရပါတယ်။
Ref: AFP/px
ပုံစာအညွှန်း။ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့က ထိုင်ဝမ်နိုင်ငံ တိုင်ပေမှာရှိတဲ့ Liberty Square မှာ ထိုင်ဝမ်အလံလွှင့်ထူထားပုံ
Photo Credit: File Photo: REUTERS/Ann Wang