ဘေကျင်း၊ မေ ၂၄
မေ ၂၃ရက် သောကြာနေ့က စခဲ့တဲ့ ထိုင်ဝမန်ကျွန်းကို ပတ်လည်ဝိုင်းထားပြီး စစ်ရေးလေ့ကျင့်မှု လုပ်နေတာ ဒီနေ့ မေ၂၄ရက် ဒုတိယမြောက်နေ့ရောက်လာပြီ ဖြစ်ပါတယ်။
တရုတ်ဟာ “အာဏာသိမ်းယူခြင်း” အပါအဝင် ထိုင်ဝမ်ရဲ့ အဓိကနေရာတွေကို ထိန်းချုပ်နိုင်မှုစွမ်းရည်ပြသတာ ဖြစ်သလို အသစ်တက်လာတဲ့ ထိုင်ဝမ်သမ္မတ လိုင် ချင်တေး ကို အပစ်ပေးတာလို့ တရုတ်ဘက်က ပြောပါတယ်။
ထိုင်ဝမ်ရေလက်ကြားနဲ့ တရုတ်ကမ်းရိုးတန်းအနီးတစ်ဝိုက် ထိုင်ဝမ်ထိန်းချုပ်ထားတဲ့ ကျွန်းစုတွေနားမှာ အခု့လို နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှု လုပ်တာဟာ လိုင်သမ္မတတာဝန်ယူပြီး သုံးရက်အကြာ လို့လည်း ပြောရမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံက လိုင့် ကို ခွဲထွက်ရေးသမားအဖြစ် ရှုတ်ချကာ မေ ၂၀ရက် တနင်္လာနေ့က ကျင်းပခဲ့တဲ့ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုမှုကို ရှုတ်ချခဲ့သလို ထိုင်ဝမ်ကလည်း ဘေကျင်းရဲ့ ခြိမ်းခြောက်မှုတွေကို ရပ်တန့်ဖို့ ပေကျင်းကို တိုက်တွန်းခဲ့ပြီး ရေလက်ကြားနှစ်ဖက်စလုံးက တစ်ဖက်ဖက်ရဲ့ လက်အောက်ခံပိုင်နက်မဟုတ်ဘူးလိုလည်း ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
Ref: AFP
ပုံစာ။ ထိုင်ဝမ်ကျွန်းပေါ်က မြင်ရတဲ့ တရုတ်တိုက်လေယာဉ်တစ်စီး
Feature Image Credit: AFP/Yasuyoshi Chiba)



