တိုင်ပေ၊ မေ ၁၅
ဗုဒ္ဓဟူးနေ့ (မေလ ၁၅ ရက်) တစ်ရက်တည်းမှာပဲ ထိုင်ဝမ်ကျွန်းတစ်ဝိုက်မှာ တရုတ်စစ်လေယာဉ် ၄၅ စင်းကို တွေ့ခဲ့ရတယ်လို့ ထိုင်ဝမ်က သတင်းထုတ်ပြန်ပါတယ်။
ဒီအဖြစ်အပျက်ဟာတစ်ရက်တာ အမြင့်ဆုံး အရေအတွက်ဖြစ်တယ်လို့လည်း သိရပါတယ်။ထိုင်ဝမ်ကို အန္တရာယ်ရှိတဲ့ ခွထွက်ရေးသမားလို့ တရုတ်နိုင်ငံက သတ်မှတ်ထားတာ ဖြစ်သလို နောက်လာမယ့် သီတင်းပတ်တွေမှာ ရာထူးလက်ခံမယ့် ထိုင်ဝမ်သမ္မတသစ် တက်လာမယ့် အချိန်နဲ့လည်း တိုက်ဆိုင်နေတယ်လို့ အကဲခတ်သူတွေက ဆိုပါတယ်။
တရုတ်က ထိုင်ဝမ်ကို သူ့ရဲ့ပိုင်နက်အစိတ်အပိုင်းအဖြစ် အခိုင်အမာပြောဆိုထားပြီး ဘေကျင်းရဲ့ထိန်းချုပ်မှု အောက်ကို ရောက်လာဖို့ဆို အင်အားအသုံးပြုတဲ့ လမ်းစဉ်ကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူးလို့လည်း အတိအလင်း ပြောထားပြီး ဖြစ်ပါတယ်။
လာမယ့် မေလ ၂၀ ရက်နေ့မှာတော့ သမ္မသစ်က ကျမ်းကျိန်ဆိုမှာ ဖြစ်ပါတယ်။
ဒေသစံတော်ချိန် နံနက် ၆ နာရီအထိ ထိုင်ဝမ်တစ်ဝိုက် ၂၄ နာရီကြာ လည်ပတ်မောင်းနှင်နေတဲ့ တရုတ်လေယာဉ် ၄၅ စင်းနဲ့ ရေတပ်သင်္ဘောခြောက်စင်းကို တွေ့ခဲ့တယ်လို့ ထိုင်ပေကာကွယ်ရေးဝန်ကြီးဌာနက မေ ၁၅ရက် ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပါတယ်။
“လေယာဉ်နှစ်ဆယ့်ခြောက်စင်းက ထိုင်ဝမ်ရေလက်ကြားရဲ့ ပျမ်းမျှမျဉ်းကို ဖြတ်ကျော်သွားတယ်” လို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။ ထိုင်ဝမ်နဲ့တရုတ်နိုင်ငံ ပိုင်းခြားထားတဲ့ ကီလိုမီတာ ၁၈၀ ကွာဝေးတဲ့ ရေလမ်းကို ဖြတ်ထားတဲ့မျဉ်းကို ရည်ညွှန်းပြီး ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ဝန်ကြီးဌာန အဆိုအရကတော့ “အခြေအနေကို စောင့်ကြည့်ပြီး လိုက်လျောညီထွေ တုံ့ပြန်ခဲ့တယ်” ဆိုပြီး တုန့်ပြန်ပြောဆိုထားတဲ့ အကြောင်း သိရပါတယ်။
Ref: AFP/rk
ပုံစာ။ ထိုင်ဝမ်ရေလတ်ကြားပေါ်က တရုတ်ရဟတ်ယာဉ်တစ်စီး
Feature Image Credit: AFP/Greg Baker)
.



