ထိုင်ဝမ်ကျွန်းကို ပတ်ဝိုင်းပိတ်ဆို့ပြီးလုပ်ခဲ့တဲ့ တရုတ်ရဲ့စစ်ရေးလေ့ကျင်မှု ပြီးဆုံး

တိုင်‌ဝမ်၊ မေ ၂၅

ထိုင်ဝမ်ကျွန်း တစ်ခုလုံးကို ပတ်ဝိုင်းပိတ်ဆို့ပြီး လေ့ကျင့်ခဲ့တဲ့ တရုတ်ရဲ့ ရေကြောင်း၊လေကြောင်း စစ်ရေးလေ့ကျင့်မှုဟာ မေလ ၂၄ရက်နေ့မှာ ဒုတိယနေ့ အဖြစ် လေ့ကျင့်ခဲ့အပြီးမှာတော့ သူတိုရဲ့ လေ့ကျင့်မှု ပြီးဆုံးပြီလို့ တရုတ်က ပြောပါတယ်။

တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုမှာ ဗုံးကြဲလေယာဉ်တွေ၊ လေ့ကျင့်ရေးသင်္ဘောတွေ ပါဝင်ခဲ့ပြီး စီးနင်းတိုက်ခိုက်မှု လေ့ကျင့်ခန်းတွေ လုပ်ခဲ့တာ လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့ (မေလ ၂၅ ရက်)မှာ အသေးစိတ်ဖော်ပြခဲ့ပါတယ်။

သောကြာနေ့နှောင်းပိုင်းမှာတော့ တရုတ်အစိုးရ ရုပ်မြင်သံကြားရဲ့ စစ်ဘက် ချန်နယ်ကနေ့ စစ်ရေးလေ့ကျင့်မှု ပြီးဆုံးကြောင်း ထုတ်လွှင့်ကြေငြာခဲ့ပါတယ်။  တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်နေ့စဉ် သတင်းစာ ကလည်း အရင်ကြေငြာထားတဲ့ အတိုင်း မေ ၂၃၊၂၄ ရက်တွေမှာ စစ်ရေးရေးလေ့ကျင့်မှုကို အောင်အောင်မြင်မြင် လုပ်ခဲ့ပြီး ဖြစ်တယ်လို့ ဖော်ပြပါတယ်။

သတင်းဌာနတွေက ဒီနေ့ မေ ၂၅ စနေနေ့မှာ  တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ကို ဆက်သွယ်ပြီး မှတ်ချက်ပေးဖို့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းပြန်ပြီး မဖြေခဲ့ဘူးလို့ သိရပါတယ်။

Ref: Reuters

ပုံစာ။ ထိုင်ဝမ်ကျွန်းအနားမှာ စစ်ရေးလေ့ကျင့်နေတဲ့ တရုတ်ရေတပ်

Feature Image Credit: Reuters

Visited 45 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *