ထားဝယ်တွင်အကျဥ်းသားများရိုက်သတ်၍ထောင်ဝန်ထမ်း ၂ ဦး သေဆုံး

၂ အောက်တိုဘာ၊၂၀၂၃

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်တွင်အကျဥ်းသားများရိုက်သတ်၍ထောင်ဝန်ထမ်း ၂ ဦး သေဆုံးခဲ့ကြောင်း အကျဉ်းဦးစီးနှင့် နီးစပ်သောအသိုင်းအဝိုင်းကသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်က ထား ဝယ်အကျဥ်းထောင်၏ အပြင်ဘုတ်( ထောင်ပြင်အလုပ်) လုပ်ငန်းခွင်တစ်ခုတွင် အကျဥ်းသားလွတ်ရက်နီးအကျဥ်းသား ၅ ဦးက ရိုက်သတ်ပြီး ထွက် ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအကျဉ်းသား၅ ဦးကိုဇီးကျရွာအနီးတွင်တည်ဆောက်မည့်အကျဥ်းထောင်သစ်အတွက်မြေသန့်ရှင်ရေး လုပ်ကိုင်ရန် အကျဉ်းထောင်မှ ထုတ်လာခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါလုပ်ငန်းခွင်အတွင်းမှ ညအိပ်တန်းပိတ်ချိန်နီးသည်ထိ ၎င်းဘုတ် အဖွဲ့ ပြန်ရောက်မလာသည့်အပြင် ဖုန်းဆက်သွယ်၍ မရခြင်းကြောင့် လုံခြုံရေးအဖွဲ့က လိုက်သွားကြည့်ရာမှ အသတ်ခံထားရသည်ကို တွေ့ခဲ့ရခြင်းဖြစ် ကြောင်း သိရသည်။

လက်ရှိတွင်လွတ်မြောက်သွားသော အကျဉ်းသား ၅ ဦးကို အပူတပြငါးရှာဖွေနေကြောင်း အကျဉ်းဦးစီးနှင့် နီးစပ်သောအသိုင်းအဝိုင်းက သိရသည်။

Visited 10 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *