တောင်ကိုရီးယားမှာစခန်းချထားတဲ့ အ မေရိကန်စစ်စခန်းတစ်ခုက တပ်သား အဆင့် ရှိတဲ့ အသက် ၂၃နှစ်အရွယ် ထရာဗစ်ကင်းဟာ ထောင်ကထွက်လာပြီး တဲ့နောက် ဇူလိုင် ၁၈ညပိုင်းက တောင်နဲ့ မြောက်ကိုရီးယား နှစ် နိုင်ငံကြားမှာရှိတဲ့ ပူးတွဲလုံခြုံရေးနယ်နိမိတ်ကို ခရီးသွားဧည့် သည်တွေနဲ့အတူ ရောက် လာတုန်း ပြော ဆိုရယ်မောရင်း မြောက်ကိုရီးယားဖက်ကို ဝင်သွားလိုက်တာ ပြန်မလာတော့လို့ သူ့ ကိုထားရစ်ခဲ့ရတယ်။
ခရီးသွားဧည့်သည်တွေက သူဟာသလုပ်တယ်လို့ထင်ကြပေမယ့် ဇူလိုင်၁၉နေ့ လယ်ပိုင်းအထိ သူနဲ့အဆက်အသွယ်မရ လို့ သူ့အမေကရော လုပ်ဖော်ကိုင်ဖက် တွေကပါ စိုး ရိမ် ခဲ့ကြတယ်။ မိမိတို့ ရနိုင် တဲ့ဆက်သွယ် ရေး လမ်းကြောင်းတွေက တစ်ဆင့် သူဘေး ကင်းလုံခြုံခြင်းရှိမရှိ သိနိုင်ဖို့ ကြိုးစားနေ ဆဲပဲလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် ကိုယ်တိုင်က ထုတ်ဖော်ပြောကြားတယ်။
မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေက သူ့ကိုညှင်းပမ်းနှိပ်စက်မှာ စိုးရိမ်ကြသူ တွေရှိပေမယ့် ထရာဗစ်ကင်းဟာ သူ့သ ဘောဆနအလျောက် မြောက်ကိုရီးယား နိုင်ငံထဲ ဝင်ရောက်သွားခဲ့တာလို့ သတ် မှတ်ပြီး ဆက်သွယ်ထောက်လှမ်းစရာ မလိုဘူးလို့ အင်ဒို-ပစိဖိတ်စစ်ဌာနချုပ် တပ်မှူး ဂျွန်အကွီလီနိုက ထုတ်ဖော် ပြောတယ်။
လွန်ခဲ့တဲ့ ၁၉၆၅မှာ မြောက်ကိုရီးယား ဖက် ဝင်ရောက်ခိုလှုံခဲ့တဲ့ အမေရိကန် တပ်ဖွဲ့ဝင် လေးဦးတောင်ရှိခဲ့တယ်။ အ မေရိကန်မကောင်းကြောင်းပြသတဲ့ မြောက် ကိုရီးယားရုပ်ရှင်ဇာတ်ကားတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ရပြီး သုံးဦးသေဆုံး သွားတယ်။ ချားလ်စ်ရောဘတ်ဂျင် ကင်း စ်ဆိုသူတစ်ဦးတည်းပဲ လွတ်မြောက်ခွင့် ရခဲ့တယ်။
အခုမြောက်ကိုရီးယားဖက် ဝင်ရောက် သွားတဲ့ ထရာဗစ်ကင်းက အဖမ်းပဲ ခံရ တာလား ခိုလှုံတာလား မသိရသေးဘူးလို့ ပင်တဂွန်စစ်ဌာနချုပ်ပြောခွင့်ရသူက ရှင်းပြတယ်။
Ref :BBC