ရန်ကုန်တိုင်းဒေသကြီး၊ထန်းတပင်မြို့နယ်၊တက်သစ်၊ ရခိုင်ရိုးကြီးကျေးရွာ၊ အေးမေတ္တာ လမ်း၊ အမှတ် (၉၀/၉၁)ရှိ မိဘမေတ္တာ ပုဂ္ဂလိကမူကြိုကျောင်း ဖွင့်လှစ်ထားတဲ့ နေအိမ်မှာ ဇွန်လ၆ရက်နေ့ညနေ၆နာခွဲကမူကြိုဆရာမနှစ်ယောက် သေနတ်နဲ့ ပစ် သတ်ခံခဲ့ရတယ်လို့ ဒေသခံသတင်းရင်း မြစ်တွေဆီက သိရပါတယ်။
ဖြစ်စဉ်မှာ ဇွန်လ၆ရက်နေ့ညနေ၆နာခွဲက ရန်ကုန်တိုင်းဒေသကြီး၊ထန်းတပင်မြို့နယ်၊တက်သစ်၊ ရခိုင်ရိုးကြီးကျေးရွာ၊ အေးမေတ္တာ လမ်း၊အမှတ်(၉၀/၉၁)ရှိ မိဘမေတ္တာ ပုဂ္ဂလိကမူကြိုကျောင်း ဖွင့်လှစ်ထားတဲ့ နေအိမ်ကို အငှားယာဉ်(အဖြူရောင်)တစ်စီး ရောက်ရှိလာပြီး အမည်မသိ လူ၄ယောက် ဆင်းလာကာ နေအိမ်အတွင်းဝင်ရောက်ပြီး နေအိမ်အိပ်ခန်းအတွင်းရှိနေတဲ့မူကြိုဆရာ မများဖြစ်တဲ့ ဒေါ်သဲမာလာဝင်း(၄၂ နှစ်)၊ နဲ့မဆောင်းသဇင်ဦး(၂၄ နှစ်)တို့အား သေ နတ်နဲ့ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့ရာ သေနတ်နဲ့ပစ်ခတ်ခံရမှုကြောင့် ဒေါ်သဲမာလာဝင်းမှာ ဦးခေါင်းနောက်စေ့
ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာလက်ဖျံ ထိမှန်ဒဏ်ရာ ၁ ချက်တို့ နဲ့ သေဆုံးခဲ့ရပြီး မဆောင်းသဇင်ဦးမှာလည်း ဝဲနားနောက် ဖောက်ဝင်ဒဏ်ရာ ၁ ချက် ထိမှန် သေ ဆုံးခဲ့ရပါတယ်။အခင်းဖြစ်နေရာမှာ 9MM LUGER ကျည်ခွံ ၉ ခုနဲ့ကျည်ထိပ်ဖူး ၃ ခု တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ရတဲ့ ဒေါ်သဲမာလာဝင်းနဲ့မဆောင်းသဇင်ဦးတို့မှာ အဆိုတော်လီလီနိုင်ကျော်ကို သတ်ဖြတ်ခဲ့သူ ကောင်းဇာနည်ဟိန်းရဲ့ မိခင်နဲ့ အစ်မဝမ်းကွဲ တော်စပ်သူတွေလို့ သိရပြီး ကောင်းဇာနည် ဟိန်းရဲ့ ညီဖြစ်သူအာကာချမ်းမြေ့နဲ့ညီမ ဖြစ်သူကြည်ဇင်သိမ့်တို့မှာ လုပ်ကြံသတ် ဖြတ်မှုမှ လွတ်မြောက်ခဲ့ရတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းသိမ်း စောင့်ရှောက် ပေးထားတယ်လို့ လည်း သိရပါတယ်။
