တွစ်တာလူမှုကွန်ရက်ကို မနှစ်က အမေရိ ကန်ဒေါ်လာဘီလျံ ၄၄၀ နဲ့ဝယ်ယူပိုင်ဆိုင် ထားတဲ့ တက်စလာလျှပ်စစ်ကားကုမဏီရဲ့ စီအီးအို အီလွန်မတ်စ်ဟာ တွစ်တာမှာ သူရဲ့နေရာအစားထိုးရမယ့် အမျိုးသမီး တစ်ဉီးကို မေ၁၁ ရက်က ခန့်ထားလိုက်ပြီ လို့ ဆိုပါတယ်။
အများနဲ့မတူစွာထူးထူးခြားခြားပြုမူတတ်တဲ့ အီလွန်မတ်စ်ဟာ တွစ်တာကိုဝယ်ပြီးနောက် ပိုင်းမှာ ထင်ရာတွေစိုင်းခဲ့တဲ့အတွက် ကုမ္ပဏီ အစုရှယ်ယာ ဈေးနှုန်းဆက် တိုက်ကျဆင်းပြီး အရှုံးပေါ်ခဲ့ရလို့ ရင်းနှီး မြှုပ်နှံသူတွေက သူ့ကို များစွာစိတ်ပျက်ခဲ့ ကြပါတယ်။
အွန်လိုင်းမှာ မဲခွဲဆုံးဖြတ်တဲ့အခါ လက်ရှိ တွစ်တာအကောင့်ပိုင်ရှင်အများစုက သူ စီအီးအိုဆက်လုပ်မှာကို မလိုလားတော့လို့ နှုတ်ထွက်ပေးဖို့ မဲပေးသူတွေဖက်က အနိုင် ရခဲ့တယ်။ အဲဒီမဲရလဒ်ကို လက်ခံပေးခဲ့တဲ့ အီလွန်မတ်စ်ဟာ နောက်ဆုံးမှာတော့ သူ့ နေရာမှာ အစားထိုးရမယ့်လူကို ရှာဖွေခဲ့ ရပါတော့တယ်။
သူ့စိတ်တိုင်းကျ ရွေးချယ်ခန့်ထားလိုက်သူ ဟာ အမျိုးသမီးဖြစ်ကြောင်း အသိပေး ပေ မယ့် ဘယ်သူဘယ်ဝါဆိုတာကို ပထမပိုင်း မှာ သူ့အကျင့်အတိုင်း လျှို့ဝှက်ခဲ့ပါသေး တယ်။
မေ၁၂ရက်မှာတော့ တွစ်တာကိုဉီးဆောင် စီမံအုပ်ချုပ်သွားမယ့် စီအီးအိုအသစ်ဟာ လင်ဒါယတ်ကာရီနို ဖြစ်တဲ့အကြောင်း အသိ ပေးလိုက်ပြီဖြစ်ပါတယ်။
အသက် ၅၉နှစ်အရွယ် အီတာလျံနွယ်ဖွား လင်ဒါယတ်ကာရီနို ဟာ အမေရိကန်ဒစ်ဂျစ် တယ်မီဒီယာလောကမှာ၁၅နှစ်ထက်မ နည်း ဦးဆောင်စီမံခန့်ခွဲခဲ့တဲ့အမျိုးသမီးဖြစ်ပါ တယ်။
Ref: Aljazeera Photo: NBC