မန္တလေးတိုင်းဒေသကြီး၊တံတားဦးမြို့နယ်၊၊ထောက်ရစ်ကျေးရွာအုပ်စု၊ထောက်ရစ်ကျေးရွာကို မေလ၂၆ ရက်ည၁၀နာရီ၅၀မိနစ်က အမည်မသိလက်နက်ကိုင်အဖွဲ့ဝင်(၅၀)bယောက်ခန့်ရောက်ရှိလာပြီး ကျေးရွာနေကြံ့ခိုင် ရေးပါတီဝင်နဲ့ပါတီဝန်းရံသူအမျိုးသား(၅)ယောက်ကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
“လက်နက်ကိုင်တွေက ဧရာဝတီမြစ်ရိုးက ရွာတစ်ရွာဖြစ်တဲ့ ထောက်ရစ်ရွာကို မနေ့ ညကရောက်လာပြီးဘသတ်သွားကြတာပါ။ ရပ်ကျေးပြည်ခိုင်ဖြိုးဥက္ကဋ္ဌရယ်၊ရပ်/ကျေးကော်မတီဝင်နှစ်ယောက်ရယ်နဲ့ပါတီအမာခံနှစ်ယောက်ရယ် စုစုပေါင်း ငါး ယောက်ကို နာမည်စာရင်းနဲ့လာပြီး သတ် သွားကြတာပါ´´လို့ ကြံ့ခိုင်ရေးပါ တီတာ ဝန်ရှိသူတစ်ယောက်ကပြောပါတယ်။
ဖြစ်စဉ်မှာ မေလ၂၆ ရက်ည၁၀နာရီ၅၀မိနစ် ကတံတားဦးမြို့နယ်၊၊ထောက်ရစ်ကျေးရွာအုပ်စု၊ထောက်ရစ်ကျေးရွာကို အမည်မသိ လက် နက်၅၀ယောက်ခန့်ရောက်ရှိလာပြီး ကျေး ရွာအတွင်းနေထိုင်တဲ့ ဦးစောဝင်း၊၅၀နှစ်၊ (ပြည်ခိုင်ဖြိုးပါတီ၊ရပ်/ ကျေးဥက္ကဌ)ကိုနေအိမ်ကုတင်ပေါ်မှာ သေနတ်နဲ့ ပစ် သတ် ခဲ့ရာ ဦးစောဝင်းမှာ ရင်ညွန့် ဖောက် ဝင် ဒဏ်ရာ ၁ချက်၊ယာ-မေး ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲ-ပုခုံး ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ လည်ပင်းညှပ်ရိုးဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲ-ရင်အုံ ဖောက်ဝင်ဒဏ်ရာ ၁ချက်(သေဆုံး)၊ဦးဆန်းမင်းကို၊၅၀နှစ်၊(ပြည်ခိုင်ဖြိုးပါတီ၊ရပ်/ ကျေးကော်မတီဝင်) ကို နေအိမ်အပေါ်ထပ်လေသာဆောင်မှာ သေနတ်နဲ့ပစ်သတ်ခဲ့ရာ ဦးဆန်းမင်းမှာ ဝဲ-နားရွက် ပြတ်ထွက်ဒဏ်ရာ၊ဝဲ-နားအောက် ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ဝဲ-လက်ခလယ် ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ဝဲ-လက်ဖျံ ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ဝမ်းဗိုက် ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲ-လက်ကောက် ဝတ် ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ဝမ်းဗိုက် ဖောက်ဝင်ဒဏ်ရာ ၃ချက်၊ယာ-နား ဖောက် ထွက်ဒဏ်ရာ ၁ချက်(သေဆုံး)၊ဦးစိုးနိူင် (ခ)ဦးဘာဘူစိန်၊၄၉နှစ်၊(ပြည်ခိုင်ဖြိုးပါတီ၊ ရပ်/ ကျေးကော်မတီဝင်၊ယခင် စည်းရုံး ရေးမှုး)ကိုနေအိမ်နောက်ဖေးမှာ သေနတ်နဲ့ ပစ်သတ်ခဲ့ရာ ဦးစိုးနိုင်မှာ ဝဲ-ပေါင် ဖောက် ထွက်ဒဏ်ရာ ၁ချက်၊ဝမ်းဗိုက် ဖောက် ထွက်ဒဏ်ရာ ၁ချက်၊ကျောပြင် ဖောက် ထွက်ဒဏ်ရာ၁ချက်(သေဆုံး)၊ဦးမင်းမင်းသိုက်၊၄၂နှစ်၊(ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ)ကို ထောက်ရစ်-ပေါက်မြိုင် ကျေးရွာချင်းဆက် လမ်းဘေးက သစ်ပင်အောက်မှာ သေနတ် နဲ့ပစ်သတ်ခဲ့ရာ ဦးမင်းမင်းသိုက်ဟာ ဝဲ-ရင်အုံဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲ-မျက်လုံး ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ယာ-ခေါင်း ထိပ် ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ဂုတ်ပိုး ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ဝဲ-ခါးစောင်း ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ဝဲ-နားထင်ဖောက်ထွက်ဒဏ်ရာ ၁ချက်(သေဆုံး)၊ ဦးကိုကိုနိူင်(ခ)ဦးဂျိုကာ၊၃၀နှစ်၊(ပြည်ခိုင်ဖြိုး ပါတီ ဝန်းရံသူ)ကိုနေအိမ်ဝင်ပေါက် ကွပ် ပြစ်ပေါ်မှာသေနတ်နဲ့ပစ်သတ်ခဲ့ရာ မျက်နှာ ဝဲဘက်ခြမ်း ပွင့်ထွက်၊ဝဲ-ညှပ်ရိုး ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ဝဲ-ပေါင် ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ယာ-တင်ပါး ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ဝဲ-ပေါင် ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ယာ-တင်ပါး ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ဂုတ်ပိုး ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ဝဲ-လက်ပြင် ဖောက်ထွက်ဒဏ်ရာ ၁ချက်(သေဆုံး) တို့ရရှိခဲ့ကြပြီး အခင်းဖြစ်နေရာတွေမှာပဲ သေဆုံးသွားခဲ့ကြတယ်လို့ သိရပါတယ်။


