တေးသံရှင်အောင်ကိုကို Myanmar STAR မှာ အထူးဧည့်အနေနဲ့ ဝင်ဖျော်ဖြေ

၁၈ ဖေဖော်ဝါရီ၊၂၀၂၄

ဒီနေ့ ကျင်းပတဲ့ Myanmar STAR သီချင်းပြိုင်ပွဲရဲ့ Result Show မှာ special guest singerအဖြစ် တေးသံရှင်အဆိုတော်အောင်ကိုကို က ဖျော်ဖြေခဲ့ပါတယ်။

surprise giftတေးသံရှင်အောင်ကိုကို ကို ငွေကျပ်သိန်းတစ်ရာကို ချီးမြင့်ခဲ့ပြီး၊ ထူးအိမ်သင်သီချင်းတပုဒ်ကိုသီဆိုခွင့်ပြုတဲ့မေတ္တာလက်ဆောင်ပါရခဲ့ပါတယ်။

တေးသံရှင်အောင်ကိုကိုဟာ ဒီနေ့ပွဲမှာ ထူးအိမ်သင်ရဲ့တေးသီချင်းနှစ်ပုဒ်ဖြစ်တဲ့ လေလွင့်ခြင်းလမ်းမများနဲ့၊တုနှိုင်းမဲ့ရတနာသီချင်းနဲ့ဖျော်ဖြေခဲ့ပါတယ်။

ဒီသီချင်းနှစ်ပုဒ်လုံးကို Myanmar STARဒိုင်တဦးဖြစ်တဲ့ တေးရေးဆရာမြင့်မိုးအောင်ရေးစပ်ထားတာဖြစ်ပြီးပွဲတွေမှာသီဆိုဖို့ တုနိူင်းမဲ့ရတာနာသီးချင်းကိုမေတ္တာနဲ့ဆိုခွင့်ပြုမယ်ဆိုပြီး လက်ဆောင်အဖြစ်ပေးခဲ့ပါတယ်။

“ဒီသီချင်းလေးဟာ တကယ့်ကြင်နာနွေးထွေးတဲ့အသံလေးနဲ့မှလိုက်ဖက်တဲ့သီချင်း၊သည်သီချင်းကိုထူးအိမ်သင်ကိုကြည့်ပြီး သူ့ဘဝနဲ့နီးလို့ရေး

စပ်ထားတဲ့သီချင်းလေးပါ၊ ဒီသီချင်းဟာ ကိုအောင်ကိုကိုနဲ့လဲလိုက်တဲ့သီချင်းဖြစ်လို့ သီချင်းပေးဆိုရတာကိုဂုဏ်ယူပါတယ်”လို့တေးရေးဆရာမြင်မိုးအောင်က ဒီနေ့ပွဲမှာပြောကြားခဲ့ပါတယ်။

မျက်မမြင်အဆိုတော်အောင်ကိုကိုဟာ

ထူးအိမ်သင်သီချင်းနဲ့လမ်းမထက်တွေမှာ လိုက်လံသီဆိုရာကနေ နာမည်ကြီးလာသူတဦးဖြစ်ပါတယ်။

လေလွင့်ခြင်းလမ်းမများသီချင်းကို ပြီးခဲ့တဲ့အပတ်က ထုတ်လုပ်ရေးပိုင်ရှင်တဦးက အောင်ကိုကို သီဆိုဖို့ခွင့်ပြုချက်ယူပေးထားတာကြောင့် သူဟာသည်သီချင်းနှစ်ပုဒ်ကို ဘားတွေ၊ကလပ်တွေ၊စတိတ်ရှိုးပွဲတွေမှာ သီဆိုခွင့်ရမှာဖြစ်ပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *