
ဓါတ်ပုံ။ မျှဝေခံစားတွဲလက်များပရဟိတအသင်း
ရန်ကုန်၊ မတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊တောင်ဥက္ကလာပမြို့နယ်၊၁၁ ရပ်ကွက်မေတ္တာကန်အနီးမှာ မတ်လ၂၃ရက်နေ့လယ်ပိုင်းက မိသားစုက စွန့်ပစ်ခံထားရတဲ့ အဘိုးအိုတစ်ယောက်ကို လူမှုကူညီရေးအဖွဲ့တစ်ဖွဲ့ ဘိုးဘွားရိပ်သာကို ပို့ဆောင်ပေးခဲ့ပါတယ်။ စွန့်ပစ်ခံ ထားရတဲ့ အဘိုးအိုဟာ ကျန်းမာရေးမကောင်းသူတစ်ယောက်လည်း ဖြစ်တယ်လို့ သိရပါတယ်။
.“အခုဘိုးဘွားရိပ်သာကို ပို့လိုက်တယ်ဆိုတဲ့အဘိုးက မေတ္တာကန်နားမှာ ယာယီမိုးကာတဲလေးနဲ့နေနေတာတော့တွေ့မိတယ်။သူ့မှာ မိသားစုရှိမရှိတော့မသိဘူး´´ လို့ဒေသခံတစ်ယောက်ကပြောပါတယ်။
ဖြစ်စဉ်မှာမတ်လ၂၃ရက်နေ့လယ်ပိုင်းကတောင်ဥက္ကလာပမြို့နယ်၁၁ရပ်ကွက်မေတ္တာကန်အနီးမှာအသက်၇၀နှစ်ဝန်းကျင်လောက်ရှိတဲ့ခိုကိုးရာမဲ့အဘိုးအိုတစ်ယောက်ယာယီမိုးကာတဲထိုးပြီးနေထိုင်နေတာကြောင့်မျှဝေခံစားတွဲလက်များပရဟိတအသင်းမှသန်လျင်သဘာဝတရားရိပ်သာဆေးရုံကို အခမဲ့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။