တောင်ဥက္ကလာပမြို့နယ်မှာ လမ်းလျှောက်လာတဲ့ အ မျိုးသားနှစ်ဦးဆီက စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀၀ ဖမ်းမိ

ရန်ကုန်တိုင်းဒေသကြီး၊တောင်ဥက္ကလာပမြို့နယ်၊ (၁၄) ရပ်ကွက်၊ သံသုမာလမ်းပေါ်မှာ လမ်းလျှောက်လာသူ ဝင်းနိုင်နဲ့အေးမောင်ဆိုသူတို့ဆီကနေ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀၀ကို နိုဝင်ဘာလ၂၆ရက် မွန်းလွဲ၁၂နာ ရီ၄၅မိနစ်ကဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သိရပါတယ်။

ဖမ်းမိခဲ့သူနှစ်ဦးကို စစ်ဆေးဖော်ထုတ်ခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြားတွေကို ရောင်းချသူ ဇော်မင်းထွန်း(ခ) ဦးခိုင်ကို သူနေထိုင်တဲ့ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ် ကွက်၊ လယ်ယာရွှေမြေလမ်းက နေအိမ်မှာ လက်ကိုင်ဖုန်း ၂ လုံးနဲ့အတူ နိုဝင်ဘာလ၂၆ရက် မွန်းလွဲ၁နာရီ၃၀မိ နစ်က ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

စိတ်ကြွရူးသွပ်ပြားတွေနဲ့အတူဖမ်းမိခဲ့တဲ့ ဝင်းနိုင်(၅၃) နှစ်နဲ့အေးမောင်(၅၈နှစ်)၊ရောင်းချသူဇော်မင်းထွန်း(ခ) ဦးခိုင် (၃၉နှစ်)တို့ကို တောင်ဥက္ကလာပမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားတယ်လို့လည်း သိရပါတယ်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *