ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္က လာပမြို့နယ်၊ သံသုမာလမ်း၊ ၁၄/၁ရပ် ကွက်က KTVတစ်ခုမှာ ဇွန်လ၅ရက် မနက်၁၀နာရီ၄၀မိနစ်က မီးလောင်မှု တစ်ခုဖြစ်ပွားနေတယ်လို့ မီးသတ်ဦးစီး ဌာနကနေ သိရပါတယ်။
“KTVအတွင်းထဲမှာ လှိုက်ပြီး လောင် နေတာဆိုတော့ မီးခိုးကတော်တော် များ တယ်။မီးခိုးတွေ အပြင်ထွက်အောင် လုပ်နေပါတယ်။အထဲမှာ လူတွေရှိ မရှိစစ်ဆေးနေပါတယ်´´လို့ မီးသတ် တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
မီးလောင်မှုဖြစ်ပွားတဲ့နေရာကို တောင် ဥက္ကလာပမြို့နယ်မီးသတ်စခန်းက မီး သတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ ထွက်ခွာ မီးငြှိမ်း သတ်ပေးနေတယ်လို့ သိရပါတယ်။