ဂျိုဟန်နက်စ်ဘာ့ဂ်၊ ဩဂုတ် ၃၁
တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘာ့ဂ်မြို့က အဆောက်အအုံတစ်ခု ဒီနေ့ သြဂုတ် ၃၁ရက်မှာ မီးလောင်မှုဖြစ်ပွားခဲ့လို့ လူ ၆၀ ကျော် သေဆုံးခဲ့ရတဲ့ အကြောင်း တောင်အာဖရိကမြို့ အရေးပေါ် ဝန်ဆောင်မှုဌာနက ပြောပါတယ်။
မီးလောက်ရာအနီးအနားက တခြား ၄၃ ဦးလည်း ဒဏ်ရာရခဲ့ပြီး တချို့ကမီးခိုးငွေ့ရှူမိလို့ ဒေသဆိုင်ရာ ဆေးရုံတွေမှာ ကုသ မှုခံယူနေရတဲ့အကြောင်း အရေးပေါ် စီမံခန့်ခွဲမှုဝန်ဆောင်မှုများ ပြောရေးဆိုခွင့်ရှိသူ မူလာအူဇီက ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ မီးသတ်သမားတွေက မီးငြှိမ်းသတ်ပြီး ရှာဖွေရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ဆက်လုပ် နေတယ်လို့ ဆိုပါတယ်။။
အခင်းဖြစ်ပွားရာနေရာကို ရောက်နေတဲ့ အေအက်ဖ်ပီသတင်းထောက်တစ်ဦးက မီးလောင်ကျွမ်းထားတဲ့ ရုပ်အလောင်းတွေ ကို အဆောက်အအုံအပြင်ဘက်မှာ စောင်တွေ စာရွက်တွေနဲ့အုပ်ထားတာ တွေ့ရတယ်လို့ ပြောပါတယ်။
“ဒါဟာဂျိုဟန်နက်စ်ဘာ့ဂ်မြို့အတွက် တကယ်ကို ဝမ်းနည်းစရာကောင်းတဲ့နေ့ပါပဲ…” လုပ်သက် နှစ် ၂၀ ကျော်ထဲမှာ ခုလိုမျိုး တစ်ခါမှ မကြုံဖူးပါဘူး”လို့ မူလာအူဇီက ပြောပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကို တိတိကျကျမသိရသေးပေမဘ့် အခု မီးလောင်တဲ့အဆောက်အဦမှာနေနေတဲ့ သူတွေက နည်းလမ်းအမျိုးမျိုးနဲ့ မြို့ကို လာခိုလှုံနေတဲ့သူတွေ ဆိုတာကိုတော့ သိရပါတယ်။ တနည်းပြောရရင် ဒီနေရာမှာ အခကြေးငွေ နဲ့ လာငှားရမ်းနေတာမျိုးမဟုတ်တဲ့ ကျူးကျော်နေထိုင်နေကြတဲ့ သူတွေလို့ သိရပါတယ်။
ဒီလို အဆောက်အအုံတွေဆို မူးယစ်ဂိုဏ်းတွေက ထိမ်းချုပ်ထားလေ့ရှိပြီး အခကြေးငွေကောက်ခံတာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။
Ref: AFP
ပုံစာအညွှန်း။ မီးလောင်နေတဲ့ အဆောက်အအုံကို တွေရပုံ
Feature Image Credit: AFP