တောင်အာဖရိကနိုင်ငံမှာ လူမှုကွန်ရက်တွေသုံးကြတာ တစ်တော့က ဒုတိယလူကြိုက်အများဆုံးဖြစ်နေ

တောင်အာဖရိကနိုင်ငံမှာ အသက်၁၅နှစ်နဲ့အထက်နိုင်ငံသားတွေ အင်တာနက်လူမှုကွန်ရက်သုံးကြတာ ဖေ့စ်ဘွတ်ခ်ကိုတော့လူကြိုက်အများဆုံးဖြစ်တယ်လို့ ၂၀၂၃ခုနှစ်စစ်တမ်းမှာ ဖော်ပြတယ်။ အများဆုံးဆိုပေမယ့်ဖေ့စ်ဘွတ်ခ်ကိုသုံးတဲ့ ရာခိုင်နှုန်းက ၅၆ဒသမ၇ ပဲရှိတယ်လို့ စစ်တမ်းကောက်ယူရရှိခဲ့တယ်။

တစ်တော့လူမှုကွန်ရက်က သုံးသူ ၃၀ဒသမ၆ရာခိုင်နှုန်းနဲ့ တောင်အာဖရိကမှာ ဒုတိယလူကြိုက်အများဆုံးဖြစ်နေတယ်။ အသက်၁၅နှစ်အထက်လူငယ် လူကြီးတွေကသာမက အသက် ၁၅နှစ်အောက် ကလေးတွေကပါ ဖျော်ဖြေရေးမီဒီယာတစ်ခုလို သုံးလာကြတဲ့အတွက် အချိန်တိုအတွင်းမှာ တစ်တော့က ဖေ့စ်ဘွတ်ခ်ကို အမီလိုက်လာခဲ့တာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောတယ်။

ဖေ့စ်ဘွတ်ခ်နဲ့ တစ်ကုမ္ပဏီတည်းထွက်တဲ့ အင်စတာဂရမ်က သုံးသူ ၂၇ဒသမ၆ရာခိုင်နှုန်းနဲ့ တတိယနေရာ တွစ်တာက သုံးသူ၂၂ဒသမ၅ရာခိုင်နှုန်းနဲ့ စတုတ္ထနေရာ လင့်ခ်အင်က ၁၄ဒသမ၁၄ဒသမ၇ရာခိုင်နှုန်းနဲ့ပဉ္စမနေရာ လူကြိုက်အနည်းဆုံးဖြစ်တယ်။

အဲဒီရာခိုင်နှုန်းတွေရရှိဖို့ရာ လူပေါင်း ၂၄၇၄၄ ဦးကိုတောင်အာဖရိကအခြေစိုက် အာဖရိကဦးတည်အုပ်စုအညွှန်းအဖွဲ့အစည်းက မေးမြန်းစစ်တမ်းကောက်ယူခဲ့ရတယ်။

Ref: Chinadaily

Leave a Reply

Your email address will not be published. Required fields are marked *