မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ မြန်မာ နိုင်ငံက စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ တောင်သူဦးကြီးများကို စိုက်ပျိုးရေးနဲ့ ကျေး လက်ဒေသဖွံ့ဖြိုးရေးနှစ် ဆင့်ချေးငွေ ထုတ် ချေးပေးနေတယ်လို့ ဇွန်လ၁၄ ရက်က မြန် မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကအသိပေးကြေညာ
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ လယ် ယာလုပ်ငန်းသုံး ထွန်စက်ကြီး၊ ရိတ်သိမ်း ခြွေလှေ့စက်၊ ထော်လာဂျီ၊ လက်တွန်းထွန် စက်၊ ဆန်စက်၊ ဆီစက်၊ စားသောက်ကုန် ထုတ်လုပ်တဲ့စက်များ ဝယ်ယူရန်နဲ့ စက်ရုံ၊ သိုလှောင်ရုံ၊ ဂိုဒေါင်တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်း တို့အတွက် အရင်းအနှီး လိုအပ်ချက်ရှိသူ တောင်သူဦးကြီးများ အတွက် ရည်ရွယ်ပြီး စိုက်ပျိုးရေးနဲ့ ကျေး လက်ဒေသဖွံ့ဖြိုးရေးနှစ်ဆင့်ချေးငွေကို ထုတ်ချေးပေးခဲ့တာဖြစ်ပါတယ်။
ချေးငွေပမာဏကတော့ တောင်သူ တစ်ဦး ချင်းအတွက် အများဆုံး ကျပ်သိန်း ၇ဝဝ၊ တောင်သူအစုအဖွဲ့တစ်ဖွဲ့အတွက် အများဆုံး ကျပ်သိန်း ၅၀၀၀ အထိ ရယူထုတ်ချေးနိုင်ပြီး ချေးငွေပေးဆပ်ရာမှာ ထော်လာဂျီ၊ လက် တွန်းထွန်စက်ချေးငွေအတွက် ၃ နှစ် ၃ ရစ်၊ အဆိုပါစက်များမှအပ ကျန်စက်ကိရိ ယာများအတွက် ၅ နှစ် ၅ ရစ် ပေးဆပ် တဲ့ စနစ် ဖြစ်တယ်လို့သိရပါတယ်။
ချေးငွေရယူလိုတဲ့ တောင်သူဦးကြီးများအနေနဲ့ နီးစပ်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခ ရိုင်/မြို့နယ်ဘဏ်ခွဲများနဲ့ဆက်သွယ်ပြီး ချေး ငွေအတွက် တင်သွင်းရမယ့် အာမခံနဲ့ ချေး ငွေဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ ကို စုံစမ်းမေးမြန်းပြီး ချေးငွေ လျှောက်ထား ရယူနိုင်ပြီး ချေးငွေနဲ့ပတ်သက်ပြီး သိရှိလိုပါ က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) အမှတ်၂၆/၄၂၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့၊ ဖုန်း – ၀၁၈၃၉၁၂၃၅ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်တယ်လို့လည်း သိရပါတယ်။
