တောင်သမန်အင်းမှာ ငှက်လှေသမား တစ်ဦး လှေမှောက်ပြီး ရေနစ်သေဆုံး မှုဖြစ်ပွား

အမရပူရမြို့နယ်၊တောင်သမန်အင်းအတွင်းမှာ စက်တင်ဘာလ၅ရက် ညနေ၅နာရီ ခွဲခန့်က ငှက်လှေစီးမယ့် ဧည့်သည် သွားကြိုရင်း လှေ မှောက်ခဲ့ပြီး ငှက် လှေသမားတစ်ဦး ရေနစ်သေဆုံးမှု တစ် ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“ရေနစ်သေသွားတဲ့လူနာမည်က ကိုအင်း ဝတဲ့။သူရဲ့လှေမှာလည်း အင်းဝလို့ အ မည်ထိုးထားတယ်။ကိုအင်းဝက အသောက် အစားတော့ နည်းနည်း ရှိ တယ်။တံတားဘက်မှာ ဧည့်သည်ကြိုဖို့ တစ်ယောက်တည်းသွားရင်း လှေ မှောက်ပြီး ရေနစ်သေဆုံးသွားတာပါ။ခုချိန်မှာက တောင်သမန်အင်းက ရေများ တဲ့အချိန်ဖြစ်တဲ့အပြင် လှေမှောက်တော့ လှေနဲ့ရိုက်မိသလိုဖြစ်သွားတယ်လို့ ကြားမိ တယ်´´လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ငှက်လှေမှောက်ပြီး ငှက်လှေသမား ရေနစ်မှုဖြစ်ပွားရာကို မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ Rescue Diver Team (Myanmar) ရေငုပ်ကယ်ဆယ်ရေးအဖွဲ့ က ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင် ရွက်ခဲ့ရာ ရှာဖွေချိန်၄၈မိနစ်အတွင်းရေနစ်သူငှက်လှေသမားရဲ့ရုပ်အလောင်းကိုရှာဖွေတွေ့ရှိပြီး လူနာတင်ယာဉ်နဲ့ အမရပူမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင် ပေး ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *