တောင်ပြုံးနတ်နန်းအနီးမှာ မီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊မတ္တရာမြို့နယ်၊ တောင်ပြုံးကျေး ရွာအုပ်စု၊ နန်းကြီးကျေးရွာက တောင်ပြုံးနတ်နန်းအနှီးမှာဒီဇင်ဘာလ၇ရက် မနက်၁၁နာရီ၄၀မိနစ်ကနေ ၁၂နာရီ၄၀မိနစ်အထိ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် နေအိမ်၁၂လုံးခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ကနဦးစုံ စမ်းသိရှိရပါတယ်။

မီးလောင်မှုဖြစ်ပွားရတဲ့အကြောင်းအရင်းနဲ့ပျက်စီးဆုံး ရှုံးမှုတန်ဖိုးကို မီးသတ်ဦးစီးဌာနက စိစစ်တွက်ချက်နေဆဲလို့ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားရာကို အောင်မြေသာစံမြို့နယ်မီး သတ်စခန်း၊ မတ္တရာမြို့နယ်မီးသတ်စခန်းနှင့် ပုသိမ်ကြီးမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များ ထွက်ခွာမီးငြှိမ်းသတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

Visited 14 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *