တောင်ဒဂုံမှာ Gasအရောင်းဆိုင်တစ်ဆိုင် မီးလောင်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၅၅)ရပ်ကွက်၊ မင်းရဲကောင်းပုံလမ်းကGasအရောင်းဆိုင်တစ်ဆိုင်မှာ မေလ၂၉ရက်မနက်၁၀နာရီ၂၆မိနစ်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်ပွားရတဲ့အကြောင်းအရင်းကို မီးသတ်ဦးစီးဌာနကနေ စိစစ်နေဆဲလို့ သိရပါတယ်။မီးလောင်ကျွမ်းမှုဖြစ်ပွားရာကို ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်ဦးစီးဌာနက သန္ဓေနဲ့အရန်မီးသတ်တပ်ဖွဲ့တွေက မီးငြှိမ်းသတ်ယာဉ်၊ရေသယ်တွေနဲ့ မီးငြှိမ်းသတ်ပေးခဲ့ရ နံနက်၁၀နာရီ၄၆မိနစ်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *