တောင်ဒဂုံမှာ နေ့ခင်းကြောင်တောင် ဓါးထောက်ပြီး တက္ကစီကား လုယက်ခံရ

ရန်ကုန်တိုင်းဒေသကြီး၊တောင်ဒဂုံမြို့နယ်၊မေယုလမ်းမှာ ဒီဇင်ဘာလ၂ရက်နေ့ နေ့လယ်၁နာရီလောက်က တက္ကစီငှားစီးလာတဲ့ လူ၃ဦးက တက္ကစီယာဥ်မောင်းကို ဓါးနဲ့ထောက်ပြီး နေ့ခင်းကြောင်တောင် တက္ကစီကားကို လု ယက်ယူဆောင်သွားခဲ့တဲ့ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

လုယက်ခံခဲ့ရတဲ့တက္ကစီကားမှာ EE/7747 တက္ကစီအ ဖြူရောင်ဖြစ်ပြီး တောင်ဒဂုံရဲစခန်းမှာ အမှုဖွင့်ခဲ့ပေမယ့် တက္ကစီကားကို သုဝဏ္ဏဘက်မှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့လည်း သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *