တောင်တရုတ်ပင်လယ်မှာ  တရုတ်နဲ့ ရုရှား  ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုလုပ်

ဘေကျင်း၊ ဇူလိုင် ၁၇

တရုတ်နဲ့ ရုရှားတို့ရဲ့  တောင်တရုတ်ပင်လယ် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုအစီအစဉ်ကို  ဇူလိုင် ၁၇ရက် အင်္ဂါနေ့ကမှာ စတင်ခဲ့တယ်လို့  တရုတ်နိုင်ငံပိုင် Global Times သတင်းစာကနေသိရပါတယ်။

သတင်းစာမှာတော့  နှစ်နိုင်ငံစလုံးအပေါ် အမေရိကန်က ပိတ်ဆို့အရေးယူမှုတွေ လုပ်ခဲ့တဲ့နောက်  သိပ်မကြာသေးတဲ့နှစ်တွေက စပြီး  နှစ်နိုင်ငံ စစ်ဘက်နဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံမှုတွေ ပိုအားကောင်းလာခဲ့တယ်လို့ ရေးသားထားပါတယ်။

နှစ်နိုင်ငံစလုံးက သုံးရက်ကြာ စစ်ရေးလေ့ကျင့်မှုမှာ အနည်းဆုံး စစ်ရေယာဉ် သုံး စီးစီ ပါဝင်မှာ ဖြစ်တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်ရဲ့  အစီရင်ခံစာက ဆိုပါတယ်။

အခု စစ်ရေးလေ့ကျင့်မှုမှာ  စစ်ရေယာဉ်ဖွဲ့စည်းခြင်း လေ့ကျင့်မှု၊ ကင်းထောက်ခြင်းနဲ့ ကြိုတင်သတိပေးခြင်း၊ ရှာဖွေကယ်ဆယ်ရေးနဲ့ လေကြောင်းရန် ကာကွယ်ရေး စတာတွေ ပါဝင်မယ်လို့ အင်္ဂါနေ့ ဇူလိုင် ၁၆ ရက် ညနေပိုင်းက ထုတ်တဲ့  နှစ်ဘက်  အစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ သိရပါတယ်။

စစ်ရေးလေ့ကျင့်မှုလုပ်မယ့်နေရာကိုတော့ နှစ်ဘက်လုံးက   အစီရင်ခံစာမှာ ဖော်ပြမထားဘူးလို့ ဆိုပါတယ်။

Ref: Reuters

ပုံစာ။ လေ့ကျင့်ရေးမြင်ကွင်းကို တွေ့ရပုံ

Feature Image Credit: Globel Time

Visited 98 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *