တောင်တရုတ်ပင်လယ်ထဲက ဖိလစ်ပိုင် စစ်သင်္ဘော တွေကို ဖယ်ပေးဖို့ တရုတ်က တောင်းဆို

  • တရုတ်ရေတပ်က ရေအမြောက်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း ဖိလစ်ပိုင်ဘက်က တုန့်ပြန်ပြောဆို
ဩဂုတ်လ ၅ရက်နေ့က ဖိလစ်ပိုင်ကမ်းခြေစောင့် စစ်သင်္ဘောတစ်စီးကို တရုတ်ရေတပ်က ရေအမြောက်တွေနဲ့ ပစ်ခတ်နေပုံ
Photo Credit:  Philippine Coast Guard via AP

ဘေကျင်း၊ ဩဂုတ် ၇

တောင်တရုတ်ပင်လယ်ထဲက ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့  Second Thomas Shoal ကျွန်းနားမှာ ကပ်ထားတဲ့ ဖိလစ်ပိုင် ကမ်းခြေစောင့်စစ်သင်္ဘော တွေကို ဖယ်ရှားပေးဖို့ ဘေကျင်းက ဩဂုတ် ၇ရက် တနင်္လာနေ့  မှာ တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ ဩဂုတ်လ ၅ရက်နေမှာတော့ အဲ့ဒိဖိလစ်ပိုင်စစ်သင်္ဘောတွေထဲက တစ်စင်းကို တရုတ်ရေတပ်က ရေအ မြောက် တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း ဖိလစ်ပိုင်ဘက်က ပြောဆိုထားတာရှိပါတယ်။

ဖိလစ်ပိုင်ဟာ  ၁၉၉၉ ခုနှစ်မှာ တောင်တရုတ်ပင်လယ်ထဲက  စပ္ပရက်လီကျွန်းစုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ နစ်မြုပ်နေတဲ့ သန္တာကျောက်တန်းတစ်ခုဖြစ်တဲ့ Second Thomas Reef ကို ပိုင်ဆိုင်ဖို့ ရည်ရွယ်ချက်ရှိရှိနဲ့  စစ်သင်္ဘော ဆိုက်ကပ်ခဲ့တာ လို့လည်း တစ်ဘက်က ပြောဆိုထားတာ ရှိနေပါတယ်။

တရုတ်ကတော့ လွန်ခဲ့တဲ့ရက်သတ္တပတ်တွေက ဒီဒေသရဲ့ အချုပ်အခြာအာဏာကို လာငြင်းလို့မရဘူး လို့ဆိုပြန်ပါတယ်။ ဒါကြောင့် အဲ့ဒိရေပိုင်နက်ထဲက ဖိလစ်ပိုင်စစ်သင်္ဘောရဲ့ချိုးဖောက်တဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ ဖိလစ် ပိုင် ကို တိုက်တွန်း နေပါတယ်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မာကို့စ် ဂျူနီယာကတော့ တောင်တရုတ်ပင်လယ်မှာ  စိန်ခေါ်မှုတွေ ရှိနေပေမယ့်လည်း နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့  နယ်မြေပိုင်နက်ဆိုင်ရာ အခွင့်အရေးတွေကို ဆက်ပြီး အခိုင်အမာ ဆွဲကိုင် ပြောဆို ခဲ့ပါတယ်။

ကျွန်းငယ်တွေ၊ သန္တာကျောက်တန်းတွေနဲ့ ကမ်းရိုးတန်းတွေ ပါဝင်တဲ့ တောင်တရုတ်ပင်လယ် တစ်ခုလုံးနဲ့ စပ္ပရက်လီ ကျွန်း တစ်ခုလုံးနီးပါးကို တရုတ်နိုင်ငံသာ ပိုင်ဆိုင်ကြောင်း ဘေကျင်းက ပြောနေပေမယ့်  အဲ့ဒိကျွန်းဟာတရုတ်တစ်နိုင်ငံတည်းနဲ့ ဆိုင်တာမဟုတ်ဘဲ သူတိုပါ ပူးတွဲပိုင်ဆိုင်တယ်လို့ ဗီယက်နမ်၊ ထိုင်ဝမ်၊ ဘရူနိုင်း၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့ကတစ်ညီ တစ် ညွတ်တည်း အခိုင်အမာ ကြေငြာပြီးသားလည်း ဖြစ်ပါတယ်။

Ref: CAN

Visited 18 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *