တောင်တရုတ်ပင်လယ်ထဲကတရုတ်ရဲ့အတားအဆီးတွေ ဖယ်ရှားပစ်လိုက်တဲ့ ဖိလစ်ပိုင်ကို အမေရိကန်က ချီးကျူး စကားဆို

ဝါရှင်တန်၊ စက်တင်ဘာ၂၈

အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲကစကားဘရော့ရှိုး ဆိုတဲ့ နေရာအနီးတစ်ဝိုက်မှာ တရုတ်က လာချထားတဲ့ ရေပေါ်အတားအဆီးတစ်ခုကို ဖိလစ်ပိုင်ရေတပ်က ဖယ်ရှားပစ်လိုက်တယ်လို့ မနီလာဘက်က ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်အကြီးတန်းကာကွယ်ရေးအရာရှိတစ်ယောက်က ဒါဟာ ဖိလစ်ပိုင်ရဲ့ ရဲ့ရင့်တဲ့ ခြေလှမ်းတစ်ရပ် ဖြစ်တယ်ဆိုပြီး ချီးကျူးစကားဆိုလိုက်တယ်လို့လည်း သိရပါတယ်။

ဖိလစ်ပိုင်နိုင်ငံနဲ့ကီလိုမီတာ ၂၀၀ လောက် အကွာဝေးမှာရှိတဲ့ ကျောက်ဆောင်တွေအနားမှာ တရုတ်က လာချထားတဲ့ ရှည် လျားတဲ့ ရေပေါ်ဘောလုံးအတားအဆီးတစ်ခု ကြောင့် မနီလာက ဒေါသထွက်ခဲ့ပါတယ်။ ဒီလိုမျိုး အချုပ်အခြာအာဏာနဲ့ ငါးဖမ်းခြင်းဆိုင်ရာ အခွင့်အရေးများအပေါ် နှစ်ပေါင်းများစွာ အဆက်မပြတ် လိပ်ခဲတည်းလည်းတောက်လောင် နေကြ တာလည်း အချိန်အတန် ကြာမြင့်ပြီး ဖြစ်ပါတယ်။

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က အဲဒိအတားအဆီးဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ကာ ရေကြောင်းသွားလာမှု အန္တရာယ်ဖြစ်စေတယ် ဆိုပြီးလည်း ပြောဆိုခဲ့ပါတယ် ။ ဒိနောက်တော့ အတားအဆီးကို ဖယ်ရှားဖို့ အထူးစစ်ဆင်ရေးတစ်ရပ်ကို လုပ်ဆောင်ခဲ့တာ လို့ သိရပါတယ်။

ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး တောင်နဲ့ အရှေ့တောင်အာရှဆိုင်ရာ အမေရိကန် လက်ထောက်ကာကွယ်ရေးဝန်ကြီး လင်းဆေး ဖို့ဒ် က ဖိလစ်ပိုင်ရဲ့ လုပ်ရပ်ကို ချီးကျူးခဲ့ပြီး  အာရှမဟာမိတ်အပေါ် ဝါရှင်တန်ရဲ့ လုံခြုံရေး  ကတိ ကဝတ်တွေ ကို ထပ်ဆင့် အတည်ပြုခဲ့တယ်လို့ လည်း သိရပါတယ်။

“ဖိလစ်ပိုင်နဲ့ စာချုပ်ကတိကဝတ်တွေအရ ဖိလစ်ပိုင်စစ်တပ်တွေ၊ အများပိုင်ရေယာဉ်တွေ၊ လေယာဉ်တွေကို လက်နက်ကိုင် တိုက်ခိုက်တာ တောင်တရုတ်ပင်လယ်မှာ သက်ရောက်မှုရှိတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ အဲဒီထဲမှာ ဖိလစ် ပိုင်ကမ်းခြေစောင့်တပ်လည်း ပါဝင်ပါတယ်” လို့ ဖို့ဒ်က အောက်လွှတ်တော် နိုင်ငံခြားရေး ဆပ်ကော်မတီကို ပြောဆိုလိုက်တယ်လို့လည်း သိရပါတယ်။

တရုတ်ဘက်ကတာ့ ဘာမှ တုန့်ပြန်လာတာမတွေ့ရသေးဘူးလို့လည်း သိရကြောင်းပါ။

Ref: Reuters/ec

ပုံစာတရုတ်ရေတပ်က ချထားတဲ့ ရေပေါ်ဘောလုံးအတားအဆီးတွေကို တွေ့ရပုံ

Feature Image Credit: Philippine Coast Guard/Handout via REUTERS

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *