တိုကျို၊ ဇွန် ၂၇
နွေရာသီ တောင်တက်ရာသီ မစတင်ခင် ရက်ပိုင်းအလို ဖူဂျီတောင်ထိပ်မှာ လူသုံးယောက်ကို တွေ့ခဲ့ရတယ်လို့ ဂျပန်မီဒီယာတွေ က ဗုဒ္ဓဟူးနေ့ ဇွန် ၂၆ ရက်က ဖော်ပြခဲ့ကြပါတယ်။
ဒေသခံရဲတွေက AFP ကို ပေးပို့တဲ့ သတင်းပေးပို့ချက်တွေကို ချက်ချင်းအတည်မပြုနိုင်သေးပေမယ့်လည်း လူသုံးယောက်ကို မီးတောင်ဝအနားမှာ တွေ့ခဲ့ရပြီး အန္တရာယ်ကြုံကာ သေဆုံးမှာကို စိုးရိမ်တယ်လို့ လူထုရုပ်သံ NHK က ပြောပါတယ်။
ဖူဂျီတောင်ဟာ နှစ်စဉ်နှစ်တိုင်း ဆီးနှင်းတွေဖုံးလွှမ်းနေပေမယ့်လည်း တောင်တက်ရာသီ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအထိ ခရီးသွား ၂၂၀၀၀၀ ကျော်က မတ်စောက်နေတဲ့ ကျောက်ဆောင်တောင်စောင်းတွေကို ရအောင် တက်ကြတယ်လို့ သိရပါတယ်။
အများစုက နေထွက်ချိန်ကိုကြည့်ဖို့ညဘက်မှာ တက်ကြပြီး တချို့ဆို အနားမယူဘဲ ၃၇၇၆ မီတာ( ၁၂၃၈၈ ပေ) မြင့်တဲ့ တောင်ထိပ်ကို တက်ဖို့ ကြိုးစားကြပါတယ်။ ရလဒ်အနေနဲ့ ဖျားနာတာတွေ ဒဏ်ရာရတာတွေ ဖြစ်လေ့ ရှိကြတယ်လို့ သိရပါတယ်။
Ref: CNA
ပုံစာ။ ဖူဂျီတောင်ကို မြင်ရပုံ
Feature Image Credit: AFP



