
Photo Credit: Reuters
ခါတွန်၊ စက်တင်ဘာ ၁၁
စက်တင်ဘာ ၁၀ရက်နေ့ က ဆူဒန်နိုင်ငံ မြို့တော်ခါတွန်မှာရှိတဲ့ လူစည်ကားရာ ဈေးတစ်ခုမှာ ပေါက်ကွဲစေတတ်တဲ့ လက် နက်တွေ ထိမှန်ခဲ့ပြီး အနည်းဆုံး လူ ၃၅ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာ ပရဟိတ အဖွဲ့ တစ်ခုက ပြောဆို လိုက်ပါတယ်။
လတ်တလောမှာ Médecins Sans Frontières (MSF) လို့ခေါ်တဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့က ကူညီပေးနေပြီး သေဆုံး သွား သူတွေအပြင် တိုက်ခိုက်မှုမှာ လူ ၆၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ပါတယ်။ ဒီအဖြစ်အပျက် ကို လည်း လူသတ်မှုလို့ ပြောဆိုပါတယ်။
ခါတွန်တောင်ပိုင်းက “ခိုရို” လို့ခေါ်တဲ့ ဈေးကို စစ်လေယာဉ်တစ်စင်းက တနင်္ဂနွေနေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံ တွေက ပြန်ပြောပြပါတယ်။
“ပေါက်ကွဲစေတတ်တဲ့လက်နက်တွေ” က ဈေးကွက်ကိုထိမှန်ခဲ့ပါတယ်” “ပေါက်ကွဲမှုကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေ စုတ်ပြဲသွားတဲ့ လူတွေရဲ့ အသက်ကို ကယ်ဆယ်ဖို့ ကြိုးပမ်းနေပါတယ်။ ဒါဟာ ရက်စက်ကြမ်းကြုတ်မှုတစ်ခုပါပဲ” လို့ MSF က ထပ်လောင်းပြောဆိုလိုက်ပါတယ်။
“ကျွန်မတို့မှာ ဦးခေါင်း၊ ရင်ဘတ်နဲ့ ဝမ်းဗိုက်ကို ထိုးဖောက်သွားတဲ့ ဒဏ်ရာတွေ ရခဲ့ပါတယ်” ဆိုပြီး ဒဏ်ရာရသူတချို က BBC Newshour အစီအစဉ်ကို ပြောပြခဲ့ပါတယ်။
တချို့ ခန့်မှန်းချက်တွအရကတော့ တိုက်ခိုက်မှုမှာ သေဆုံးသူ အရေအတွက် ၅၀ နီးပါး ရှိတယ်လို့လည်း ဆိုပါတယ်။
လက်ရှိအခြေအနေကတော့ စစ်တပ်အုပ်စုနှစ်ခု အာဏာ အဝေမတည့်ပဲ တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန်တိုက်ခိုက်နေ ကြလို့ ဆူဒန်ဟာ ပြီးခဲ့တဲ့ ဧပြီလ ကတည်းက ပြည်တွင်းစစ်ဒဏ်ကို ခံနေကြရတာ ဖြစ်ပါတယ်။ ဒီနေ့အထိလူငါးသန်း လောက် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီးလည်း ဖြစ်ပါတယ်။
Ref: BBC
Feature Image Credit: Amnasty International