တောင်ငူ အကျဉ်းထောင်မှာ အပြန်အ လှန်ပစ်ခတ်မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊တောင်ငူအကျဉ်းထောင်မှာမေလ၁၈ရက် ညနေ၃နာရီခန့်က ရုံး ထုတ်လာတဲ့အကျဉ်းသားတွေက လုံခြုံရေး တပ်ဖွဲ့ဝင်တွေဆီက သေနတ်လုယူပြီး ပစ် ခတ်ခဲ့တာကြောင့် အပြန်အလှန်ပစ် ခတ် မှုဖြစ်ပွားခဲ့တယ်လို့ အကျဉ်းဦးစီးဌာနအ သိုင်းအဝိုင်းကနေသိရပါတယ်။

တရားရုံးကို ရုံးထုတ်လာတဲ့အကျဉ်းသား၁၀ယောက်က ထောင်ဝအရောက်မှာ လုံခြုံ ရေးတာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့တွေဆီက သေနတ်တွေကို လုယူပြီး ထွက်ပြေးသွားခဲ့ ကြတာလို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်မှာ ထောင်တပ်ကြပ် တစ်ယောက်သေဆုံးခဲ့ပြီးတပ်ကြပ်ကြီးတစ်ယောက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ထွက်ပြေး လွတ်မြောက်သွားတဲ့အကျဉ်းသားတွေက ခြောက်လုံးပြူးတစ်လက်၊ G-3 တစ်လက်၊ ကာဘိုင်တစ်လက်နဲ့ MA-11 တစ်လက် စုစုပေါင်း သေနတ် ၄ လက်တို့ကို လုယူသွား ခဲ့ကြတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ တောင်ငူအကျဉ်း ထောင်အနီးပတ်ဝန်းကျင်၊ တောင်ငူမြို့တွင်း နဲ့မြို့ဝင်ထွက်ဂိတ်တွေမှာ လုံခြုံရေးအထူး တင်ကြပ်ထားပြီးစစ်ဆေးရေးတွေ ဆောင် ရွက်နေကြတယ်လို့ သိရပါတယ်။

Visited 14 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *