တောင်ငူထောင်မှသေနတ်လုယူထွက်ပြေးသူများထဲမှ ၃ ဦးကို ဖမ်းမိပြီဟုသိရ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူထောင်(သီးသန့်) တရားရုံး၌ရုံးထုတ်စစ်ဆေးစဉ် သေနတ် ၂ လက်လုယူထွက်ပြေးခဲ့သူများထဲမှ ၃ ဦးကို ဖမ်းမိပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။

မေလ ၁၈ ရက် ညနေ ၃ နာရီချိန်ခန့်တွင် တောင်ငူမြို့အမှတ်(၇)ရပ်ကွက် တောင်ငူအကျဉ်းထောင်ဝင်ပေါက်၏တောင်ဘက် လမ်းတစ်ဖက်ခြမ်းရှိ(သီးသန့်) တရားရုံး၌ လုံခြုံရေးတပ်ဖွဲ့ဝင်အစောင့်အရှောက်များလိုက်ပါလျက်

အမျိုးသား ၃၄ ဦး၊ အမျိုးသမီး ၇ ဦးတို့အား ရုံးထုတ်စစ်ဆေးစဉ် ယင်းအထဲမှ အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၁ ဦးတို့က ယာယီအချုပ်ခန်းတံခါးကို တွန်းဖွင့်ပြီး လုံခြုံရေးအဖွဲ့ထံမှ သေနတ် ၂ လက်လုယူထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းတို့ထဲမှ ချစ်မင်းသူ၊ ဇင်ကိုအောင်၊ ခင်မျိုးကြည်တို့ကို အခင်းဖြစ်ခဲ့သည့် မေလ ၁၈ ရက်၊ ည ၉ နာရီကျော်အချိန်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ၊ ကျန် ၇ ဦးအား ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး ယခုအချိန်ထိ လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *