တောင်ငူတွင် နေအိမ်ပေါ်သို့ မန်ကျည်းပင်လဲကျ၍ သားအဖ၂ဦးသေဆုံးခဲ့

ပဲခူးတိုင်းတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကံတရာကျေးရွာတွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့၍ သစ်ပင်လဲကျခဲ့သဖြင့် နေအိမ်၌အိပ်နေသူ မိသားစုလိုက် သစ်ပင်ပိ၍ သားအဖ ၂ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာတောင်ငူမြို့နယ်၊ နေပူကုန်းကျေးရွာအုပ်စု၊ ကံတရာကျေးရွာတွင်လမ်းဘေးရှိမန်ကျည်းပင်က မိသားစုလိုက်အိပ်နေသောအိမ်ပေါ်သို့လဲကျ၍ သားအဖ ၂ဦးသေဆုံးမှုဖြစ်ခဲ့ပြီး သားအမိ ၂ဦးမှာထိ ခိုက်ဒဏ်ရာရရှိမှု ဇူလိုင်လ ၂၃ရက် က ဖြစ်ခဲ့ကြောင်း သိရသည်။

“အဲဒီနေ့က မိုးတွေကသည်းပြီး လေပြင်းတိုက်တာမှာ လမ်းဘေးမန်ကျည်းပင်ကလဲပြီး သူတို့အိမ်ပိသွားတာ။ သားအဖ ၂ယောက်ကသေတယ်။ သားအမိ ၂ယောက်ကတော့ အမေမှာ ခါးထိသွားတယ်။သမီးက မျက်နှာ ကိုထိတယ်။ မစိုးရိမ်ရပါဘူး”ဟု အဆိုပါလူမှုကူညီရေးအသင်းကသိရသည်။

သေဆုံးသွားခဲ့သူ သားအဖ ၂ယောက်တွင် ဖခင်ဖြစ်သူမှာ အသက် ၃၃နှစ်အရွယ်ဖြစ်၍ သားဖြစ်သူမှာ အသက် ၁၁ နှစ်အရွယ်ခန့်သာရှိသေးကြောင်းသိရသည်။

ဒဏ်ရာရရှိခဲ့သူ သားအမိ ၂ ဦးတွင် မိခင်ဖြစ်သူမှာ အသက် ၃၃နှစ်အရွယ်ဖြစ်ပြီး သမီးဖြစ်သူမှာ အသက် ၃ နှစ်အရွယ်ဟုသိရပြီး ဒဏ်ရာရရှိသူ ၂ဦးကို တောင်ငူပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ရ ကြောင်း လည်းသိရသည်။

ဒဏ်ရာရရှိသူ ၂ဦးမှာ စိုးရိမ်စရာအခြေအနေမရှိသည့်အတွက် ဆေးရုံမှဆင်းခွင့်ရရှိ၍ အိမ်သို့ပြန်လည် ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *