ရှမ်းပြည်နယ်၊တောင်ကြီးမြို့နယ်၊ တောင်ကြီး-အေးသာယာအဆင်းလမ်း၊ မိုင်တိုင်အမှတ်(၁၁၁/၃)မှာ ဇွန်လ၅ရက် ညနေ၃နာရီ၄၃မိနစ်က ၆ဘီး မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့ရပြီး ယာဉ်ပေါ်ပါ အမျိုးသားနှစ်ယောက် သေဆုံးသွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။
ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာကို တောင်ကြီးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရပြီးသေဆုံးသွားနှစ်ယောက်ရဲ့ရုပ်အလောင်းကို တောင်ကြီးကြက်ခြေနီလူနာတင်ယာဉ်နဲ့ စပ်စံထွန်းဆေးရုံကိုပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။
