တောင်ကြီး အိမ်ခြံမြေစျေးကွက် အရောင်းအဝယ် လိုက်တာ

ရှမ်းပြည်နယ်၊တောင်ကြီးမြို့ရဲ့ အိမ်ခြံမြေစျေးကွက်အတ့င်းမှာ နိုဝင်ဘာလဒုတိယအပတ်တွင်းကစတင်ပြီး လွိုင်ကော်မြို့က တိုက်ပွဲများကို တိမ်းရှောင်လာခဲ့ကြပြီး ငွေကြေးတတ်နိုင်တဲ့ စစ်ဘေးရှောင်တချို့က အိမ်ခြံမြေဝယ်ယူမှုများ ရှိလာတာကြောင့် တောင်ကြီး အိမ်ခြံမြေစျေးကွက် အရောင်းအဝယ်လိုက်လာတယ်လို့ သိရပါတယ်။

“အိမ်အပါသိန်း၃၀၀နီးပါးအကွက်တွေနဲ့ မြို့စွန်ကသိန်းတစ်ရာကျော်မြေကွက်တွေ အရောင်းဝယ်ဘိုက်လာတယ်၊ အဓိကကငွေသုံးနိုင်တဲ့စစ်ရှောင်တွေက အိမ်ငှားနေတာထက် ရသလောက်မြေနေရာလေးဝယ်ချင်ကြတယ်၊တိုက်ပွဲတွေက ကြာအုန်းမယ်သဘောဆိုတော့ ဝယ်ဖို့စိတ်ဝင်စားကြတာပါ”လို့အိမ်ခြံမြေအရောင်းဝယ်လုပ်သူတဦးက ပြောပါတယ်။

တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်၊ကံကြီးရပ်ကွက်၊ဖရဲ၊ရွှေသူဌေးကုန်းရပ်ကွက်တွေအပြင်ဖာမွန်၊ရေဖြူ၊ညို့မီးရွာတွေကခြံတွေ မေမြန်းမူးတွေရှ်ိလာပြီးအရောင်း အဝယ်ဖြစ်လာကြတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ အမေရိကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေကြေးဈေးနှုန်းမြင့်တက်လာတာကြောင့် အိမ်ခြံမြေဈေးကွက်အရောင်း၊အဝယ်အရင်လတွေကထက်ပိုမိုဝယ်ယူလာကြတယ်လို့၊ အိမ်ခြံမြေရောင်းဝယ်သူတွေက ပြောပါတယ်။

တောင်ကြီးမြို့မှာအစိုးရမှ စီမံခန့်ခွဲရှိသော မြေ၊ မြေ လွတ်၊ မြေလတ်၊ မြေရိုင်းအပါအဝင် လယ်ယာမြေ၊ သစ် တောမြေနဲ့ နိုင်ငံတော်အစိုးရခွင့်ပြုချက်မရှိတဲ့မြေတွေ ဝယ်ယူမိမှာကို သတိထားရမယ်လို့တောင်ကြီးဒေသခံတွေကပြောပါတယ်။

” ကယားက​နေ အမျိုးအချို့ဒုက္ခတွေရောက်လို့ ပြေးလာကြရတာ အိမ်ငှားနေတာထက် ရှိတာလေးနဲ့ဝယ်နေရမလားစဥ်းစားတာပါ ၊အိမ်ငှားရင်ကုန်ကျမယ့်​ငွေထက် ရှိတာလေးရောင်းချပီးမြေကွက်မှာတဲထိုးနေရနိုင်လား၊ အိမ်ပါတဲ့တန်ဖိုးသင့်တာလေးရှာဝယ်ပေးရမလား စဥ်းစားကြတယ် ရောင်းမယ့်သူကများ​နေတယ် ဝယ်နိုင်သူကမရှိကြဘူး”လို့တောင်ကြီးမြို့ခံ တဦးကပြောပါတယ်။

ကယားပြည်နယ်လွိုင်ကော်မြို့မှာစတင်ခဲ့တဲ့ ၁၁.၁၁ စစ်ဆင်ရေး စတင်ခဲ့တဲ့တိုက်ပွဲတွေကြောင့် စစ်ရှောင်သူဦးရေ၅သောင်းကျော်ရှိနေပြီး၊ဆီဆိုင်မြို့၊ဟိုပုန်းမြို့၊တောင်ကြီးမြို့၊အောင်ပန်းမြို့၊ညောင်ရွှေမြို့တို့မှာရှောင်ပြေးနေကြရပါတယ်။

စစ်ဘေးရှောင်အများစုဟာ ဘုန်းကြီးကျောင်းတွေ၊ဓမ္မာရုံနဲ့စာသင်ကျောင်းအချို့မှာ နေနေကြရပြီး၊ အချို့ကအိမ်ငှားတာ၊ ငွေကြေးတတ်နိုင်သူတွေက အိမ်ခြံမြေဝယ်ပြီးနေဖို့ စီစဥ်နေကြတယ်လို့ သိရပါတယ်။

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *