တောင်ကြီး မြတ်လေးလမ်းမှာ မီးလောင်

၁၅ မေ၊၂၀၂၄

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ဟော်ကုန်းရပ်ကွက်၊ နယ်မြေ(၄)၊ မြတ်လေးလမ်းမှာ မေလ၁၄ရက်နေ့ညက မီး‌လောင်မှုဖြစ်ပွားခဲ့တာကြောင့် နေအိမ်တစ်လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး အနီးအနားကနေအိမ်အချို့ မီးအနည်းငယ်ကူးစက်လောင်ကျွမ်းခဲ့တယ်လို့ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

“အီကြာကွေးရောင်းတဲ့အိမ်ကစလောင်တာ။သူတို့ကမနက်မှဆိုင်ဖွင့်တာ။ဘယ်လိုစလောင်လဲမသိဘူး။မီးတောက်ကအတော်ကြီးတယ်။မီးလောင်ချိန်ကလဲကြာတယ်။မီးငြိမ်းတာမြန်လို့ အခြားအိမ်တွေပါမမကူးသွားတာ။ဘေးအိမ်တွေကလဲ ကုန်စုံဆိုင်နဲ့ရေသန့်လုပ်တဲ့အိမ် အများကြီးမလောင်တာကံကောင်းတယ်”လို့ဟော်ကုန်းရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

ဘာကြောင့်မီးစတင်လောင်ကျွမ်းရတယ်ဆိုတာ မသိရသေးဘဲ လူအင်အားအများအပြား၊ရေသည်ယာဥ်အများအပြားနဲ့ ငြိမ်းသတ်နိုင်တာကြောင့် ကြီးကြီးမားမားထိခိုက်ဒဏ်ရာရတာတွေမရှိခဲ့ဘူးလို့အနီးနားနေသူအချို့က ပြောပါတယ်။

မီးလောင်ရာနေရာကို ရှမ်းပြည်နယ်မီးသတ်ဦးစီးမှူးရုံးက မီးငြှိမ်းသတ်ယာဉ်မီးသတ်ရေသယ်ယာဉ်(၁)စီး၊ တောင်ကြီးခရိုင်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ တောင်ကြီးမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ စျေးပိုင်းစခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ စည်ပင်မှ ရေသယ်ယာဉ်(၁)စီး၊ အယ်ပွလူမှုကူညီရေးအသင်းက ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။

Visited 5 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *