တောင်ကြီး-ကျိုင်းတုံကားလမ်းမှာ ကုန်တင်၁၂ဘီးယာဥ်တစ်စီး ချောက်ထဲထိုးကျမှုဖြစ်ပွား

အကွေ့မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းညာခြမ်းက ချောက်ထဲကို ထိုးကျခဲ့တာဖြစ်ပြီး ယာဥ်မောင်း သေဆုံးခဲ့ရ

ရှမ်းပြည်နယ်၊တောင်ကြီး-ကျိုင်းတုံကားလမ်း၊ မိုင် တိုင်အမှတ် (၅၀၇.၅)kmနဲ့(၅၀၈)kmကြားအကွေ့မှာမေလ၂၄ရက် မွန်းလွဲ၁နာရီကျော်က Nissanအမျိုးအစား ကုန်တင်၁၂ဘီးယာဥ်တစ်စီးအရှိန်မထိန်းနိုင်ဘဲ လမ်းညာခြမ်းက ချောက်ထဲကို ထိုးကျခဲ့တာဖြစ်ပြီး ယာဥ်မောင်း သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ယာဥ်တိမ်းမှောက်ပြီး ချောက်ထဲထိုးကျမှုဖြစ်ပွားရာကို မိုင်းပျဉ်းမြို့နယ်မီးသတ်စခန်းက ရှာဖွေကယ် ဆယ်ရေးတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များဟာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ပြီး အမျိုးသားတစ်ဦး(ယာဥ်မောင်း) သေဆုံးခဲ့ အမျိုးသားတစ်ဦး(ယာဥ်နောက်လိုက်) ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့ကို စေတနာရှင်ပရဟိတအသင်းက ယာဉ်နဲ့ မိုင်းပျဉ်းမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Photo- MFSD

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *