တောင်ကြီးမှာ ရပ်ထားတဲ့ဆိုင်ကယ်တွေ မကြာခဏပျောက်ဆုံးနေတာကြောင့် သတိပေးစာကပ်ထားရ

ဇန်နဝါရီ၊၁၇

တောင်ကြီးမြို့က မိခင်နဲ့ကလေးဆေးရုံဝင်းအတွင်း ရပ်ထားတဲ့ဆိုင်ကယ်တွေမကြာခဏပျောက်နေတာကြောင့် သတိပေးစာတွေကပ်ထားရတယ်လို့ တောင်ကြီးမြို့ခံတွေဆီက သိရပါတယ်။

ဆေးရုံလာတက်သူတွေရဲ့ဆိုင်ကယ်တွေအပြင် ဝန် ထမ်းတွေရဲ့ဆိုင်ကယ်တွေပျောက်တာများနေလို့ ဆိုင်ကယ်သူခိုးပုံတွေကပ်ထားတာလို့ ဆေးရုံဝင်းထဲနေထိုင်သူအချို့က ပြောပါတယ်။

“အဖွဲ့လိုက်ခိုးကြတာ၊တပတ်အတွင်းနှစ်စီးပျောက်တယ် ပြန်မရကြဘူးcctvတပ်ထားတဲ့နေရာပါမကျန်ခိုးကြတာ”လို့ ဆေးရုံဝင်းထဲနေထိုင်သူတဦးက ပြောပါတယ်။

ဆေးရုံတွေအပြင် ကိုယ်ပိုင်ကျောင်းတွေ၊းစျေးတွေမှာရပ်ထားတဲ့ဆိုင်ကယ်တွေမကြာခဏပျောက်မူတွေဖြစ်နေတာကြောင့် အခြားနေရာတွေမှာလဲ သတိပေးစာတွေကပ် ထားကြတယ်လို့သိရပါတယ်။

ဆိုင်ကယ်ပျောက်မူတွေမကြာခဏဖြစ်ပွားနေပေမယ့် ရဲစခန်းကိုတိုင်ကြားမူမရှိတာကြောင့် သူခိုးတွေ အတင့်ရဲနေကြတာလို့ ဒေသခံတွေက ပြောပါတယ်။

Visited 32 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *