တောင်ကြီးမှာ နှစ်ထပ်နေအိမ်တစ်လုံး မီးလောင်မှုဖြစ်

ရှမ်းပြည်နယ်၊(တောင်ပိုင်း)၊တောင်ကြီးမြို့၊ဘုရားဖြူရပ်ကွက်၊မြေနယ်မြေ (၂)၊ရေထွက် ဦးလမ်းခွဲ (၂)ကအိမ်အမှတ်- ၂/၄၆၊ နှစ် ထပ်နေအိမ်မှာ ဇွန်လ၆ရက်ည၈နာရီက နေအိမ်အတွင်း ဖယောင်းတိုင် မီးထွန်းထား ရာကနေ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရ တယ်လို့မီးသတ်ဦးစီးဌာနက သိရပါတယ်။

မီးလောင်မှုကြောင့် ဦးခွန်နှင်းမောင် (၃၂ နှစ်)ပိုင်ဆိုင်တဲ့ အလျား ၃၀ပေ၊ အနံ ၂၄ ပေအရွယ်ရှိ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း ၂ ထပ်အဆောက်အဦနဲ့အသုံး အဆောင် ပစ္စည်းများ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါ တယ်။

မီးလောင်မှုဖြစ်ပွားရာကို ရှမ်းပြည်နယ် ပြည်နယ် / ခရိုင် / မြို့နယ် တို့က သန္ဓေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေ ပြည်သူများအပါအဝင် စုစုပေါင်းအင်အား ၈၀ ဦးခန့်တို့က မီးသတ်ယာဉ် ၇ စီး၊ ရေ သယ်ယာဉ် ၂ စီးတို့နဲ့ မီးငြှိမ်း သတ်ပေး ခဲ့ရတယ်လို့ သိရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး မီးပေါ့ဆစွာ သုံးစွဲခဲ့တဲ့ နေအိမ်ပိုင်ရှင်ဖြစ်သူ ဦးခွန် နှင်းမောင်(၃၂နှစ်)ကို တောင်ကြီးနယ် မြေရဲစခန်းမှာ ဥအမှုဖွင့်အရေးယူထား တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *