တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက်မှာ မီးလောင်မှုတစ်ခုဖြစ်ပွား

ရှမ်းပြည်နယ်၊တောင်ကြီးမြို့၊ရေအေးကွင်းရပ်ကွက်က ရွှေ တောင်ရိုးကားခြံမှာ ဇန်နဝါရီလ၁၈ရက်မနက် ၁၂ နာရီ၅၈ မိနစ်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ပစ္စည်းအများကြီးနေ့တိုင်းချနေကျ တောင်ကြီးဂိတ် မီး လောင်တာပါ၊ နယ်ပေါင်းစုံကပို့တဲ့ပစ္စည်းတွေအများကြီးပဲတန်ဖိုးမနည်းဘူး၊ကျမရန်ကုန်ပို့မယ့်ပစ္စည်းတွေပါသွားတယ် ဘယ်လိုစလောင်တယ်ဆိုတာမသိရသေးဘူး”လို့တောင်ကြီးမြို့ခံတဦးကပြောပါတယ်။

မီးလောင်မှုဖြစ်ပွားရာကို ရှမ်းပြည်နယ်မီးသတ်ဉီးစီးမှူးရုံးက မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ တောင်ကြီးခရိုင်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ တောင်ကြီးမြို့နယ် မီးသတ်စခန်းကမီးငြှိမ်းသတ်ယာဉ်(၂) စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ကံသာနယ်မြေမီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး တို့ထွက်ခွာမီးငြှိမ်းသတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

Visited 5 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *