တောင်ကြီးမြို့မှာ ကျပ်၁၄၉၅သိန်းတန်ဖိုးရှိတဲ့ စိတ်ကြွရူး သွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်မှာ စက်တင်ဘာလ၂၈ရက် ညနေ၅နာရီ၄၅မိနစ်ကဆိုင်ကယ်နဲ့ သယ်ဆောင်လာတဲ့ ကာလပေါက်စျေး ငွေကျပ်၁၄၉၅သိန်းတန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား၂၉၉၀၀၀ ပြားကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိမှုဖြစ်စဥ်မှာ စက်တင်ဘာလ၂၈ရက် ညနေ၅နာရီ ၄၅မိနစ်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်များပါ၀င်တဲ့ ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ် ကွက်တွင် ခွန်၀င်းရွှေ(ခ) ချစ်ဆွေ မောင်းနှင်ပြီး မမိုးမိုးအေး(ခ)မိုးခမ်း လိုက်ပါလာတဲ့ မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ပေါ်မှာ သယ်ဆောင်လာသတဲ့ လက်ဆွဲခြင်းများအတွင်းကနေ စိတ်ကြွရူးသွပ်ဆေး ပြား ၂၉၉၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၄၉၅ သိန်း)နဲ့ လက်ကိုင်ဖုန်း ၂လုံးတို့ကို တွေ့ရှိသိမ်း ဆည်းရမိခဲ့တာလို့ သိရပါတယ်။

စိတ်ကြွရူးသွပ်ဆေးပြားများနဲ့အတူ ဖမ်းမိခဲ့တဲ့ ခွန်၀င်းရွှေ(ခ)ချစ်ဆွေ(၄၁)နှစ်နှင့် မမိုးမိုးအေး(ခ)မိုးခမ်း(၄၀)နှစ်တို့ကို တောင်ကြီးမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားတယ်လို့လည်း သိရပါတယ်။

Visited 5 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *