တောင်ကြီးတန်ဆောင်တိုင် လာသူများ

၂၅ နိုဝင်ဘာ၊၂၀၂၂

တောင်ကြီးတန်ဆောင်တိုင်ကို လာရောက်လည်ပတ်သူတွေများလို့ ဟော်တယ်၊တည်းခိုခန်းတွေပြည့်နေပြီး၊အနီးနားကမြို့တွေမှာတည်းခိုနေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“ပွဲခင်းထဲလည်ပတ်သူထက် မြို့အနီးနားလည်ပတ်တာများတယ်၊ဟော်တယ်တည်းခိုခန်းတိုင်းပြည့်နေလို့အေးသာယာတို့၊ညောင်ရွှေတို့အောင်ပန်းမြို့တို့ထိသွားတည်းနေကြတယ်”လို့မြို့ခံတစ်ဦးကပြောပါတယ်။

တောင်ကြီးမြို့မှာ သာမက အနီးတဝိုက်ရှိ မြို့တွေမှာ တစ်နိုင်ငံလုံးက ဧည့်သည်အများအပြား လာရောက် လည်ပတ်နေပေမယ့် တန်ဆောင်တိုင် မီးပုံးပျံဖွင့်ပွဲ လာရောက်သူ နည်းပါးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးပုံးပျံကွင်းနဲ့ ၂ မိုင်နီးခန့်ဝေးတဲ့ဝါးပြားလမ်းဆုံက စပြီး တောင်ဖက်မုဒ်ဦး အထိလမ်းပိတ်ထားပြီး၊ ယာဥ်တွေကို ဖြတ်သန်းခွင့် မပြုဘူးလို့ မြို့ခံတွေက ဆိုပါတယ်။

တန်ဆောင်တိုင်ပွဲ​တော်ကို၂၀၂၃ခုနှစ်နိုဝင်ဘာလ၂၁ရက်နေ့ကနေ၂၇ရက်နေ့အထိ၊အဝေရာ

မီးပုံးပျံကွင်းမှာပြုလုပ်မှာဖြစ်ပြီး၊ နေ့လွှတ်အရုပ်မီးပုံးပျံပြိုင်ပွဲအပါဝင်၊ညလွှတ်မီညမီးကြီးမီးပုံးပျံ၂၅ပေ_၁၅လုံး

ညမီးကြီးမီးပုံးပျံ၂၂ပေ_၂၃လုံးစိန်နားပန်မီးပုံးပျံ၁၈ပေ_၂၅လုံးညလွှတ်မီးပုံးပျံအလုံးရေစုစုပေါင်း(၆၃)လုံးလွှတ်တင်သွားမယ်လို့ သိရပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *