၅ ဇန်နဝါရီ၊၂၀၂၃
တောင်ကြီးမြို့၊ကွန်ပျူတာတက္ကသိုလ်အနီးမှာ ဒီကနေ့နေ့လည်၁၂နာရီကျော်အချိန်ခန့်က အိမ်စီးကားနဲ့ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်မောင်းသူအမျိုးသားတစ်ဦး နေရာမှာပဲ သေဆုံးသွားတယ်လို့ ဒေသခံအချို့ဆီက သိရပါတယ်။
သေဆုံးသူအမျိုးသားရဲ့ရုပ်အလောင်းကို တောင်ကြီးမြို့နယ်၊ ကြက်ခြေနီအရေးပေါ်ယာဥ်နဲ့ စဝ်စံထွန်းဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ အနီးဝန်းကျင်နေသူတွေက ပြောပါတယ်။
ယာဥ်တိုက်မူဖြစ်ပွားရာနေရာဟာ တောင်ကြီးမြိုနဲ့ဟိုပုံးမြို့ကိုသွားတဲ့လမ်းနေရာဖြစ်ပြီး၊ ကုန်တင်ကားတွေ၊စက်သုံးဆီကားတွေ၊ယာဥ်လိုင်းတွေ ဖြတ်သန်းမူများတဲ့နေရာဖြစ်လို့ ယာဥ်မတော်ဆမူတွေမကြာခဏ ဖြစ်နေကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Visited 42 times, 1 visit(s) today



