တောင်ကျရေကြောင့် ရေလည်ခေါင်မှာပိတ်ပိ နေတဲ့ လုပ်သားတွေကို အချိန်မီကယ်တင်

၂၃ ဖေဖော်ဝါရီ၊၂၀၂၄

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်မှာ၊တောင်ကျရေများရေလျံတက်မှုဖြစ်ပွားခဲ့ပြီး၊ ချောင်းအတွင်း ချောင်းကမ်းပါးရေကာတန်း(မြေထိန်းနံရံ) တည်ဆောက်ရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ လုပ်သား(၆)ဦးနဲ့ ကလေးငယ်(၁)ဦး စုစုပေါင်း(၇)ဦးတို့ တဲအတွင်းကျန်နေတာကြောင့် မီးသတ်တပ်ဖွဲ့က ကယ်တင်ခဲ့ရတယ်လို့ သိရပါတယ်။

ဒီနေ့မနက်ပိုင်းအချိန်ကဖြစ်ပွားခဲ့တာဖြစ်ပြီး၊မိုးရွာမှုကြောင့် ပူတာအိုမြို့နယ်မှာရှိိတဲ့ မူလာရှီးဒီချောင်းအတွင်း တောင်ကျရေများရေလျံတက်မှုဖြစ်ပွားခဲ့ကာ ချောင်းကမ်းပါး ရေလည်သောင်ပြင်ရှိ နေထိုင်ရာတဲအတွင်းလူ၇ဦး ကျန်ရှိနေခဲ့တာဖြစ်ပါတယ်။

ပြည်သူတစ်ဦးက မီးသတ်ဦးစီးဌာနကိုသတင်းပေးပို့လာတာကြောင့်ပူတာအိုခရိုင်/မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး အလူ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘူးလို့ သိရပါတယ်။

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *