တောင်ကိုးရီးယားရာက်မြန်မာတစ်ဦး အရက်သောက်ပြီးဆိုင်ကယ်မောင်းမှုဖြင့် တစ်လအတွင်းနိုင်ငံတွင်းမှထွက်ခွာရန်ပြစ်ဒဏ်ပေးခံရ

၁၃ စက်တင်ဘာ ၂၀၂၃

တောင်ကိုးရီးယားတွင်မြန်မာ လုပ်သား ၁-ဦး အရက်သောက်ပြီး ဆိုင်ကယ် မောင်း၍ ဒဏ်ကြေးငွေဆောင်ရ သည့်အပြင် ကိုးရီးယားနိုင်ငံမှ တစ်လအတွင်းထွက်သွားပေးရန် ပြစ်ဒဏ်ပေးခံရကြောင်း ကိုးရီးယားရောက် မြန်မာနိုင်ငံသားများကိုကူညီဆောင်ရွက်ပေးနေသူ ကိုဇော်မိုးအောင်က ပြောသည်။

ပြီးခဲ့သည့် မေလက ဘီယာ တစ်ပုလင်းခွဲသောက်ထားကာ ဆိုင်ကယ်မောင်းလာသော မြန်မာလုပ်သားကို ရဲဝန်ထမ်းကခေတ္တရပ်ခိုင်း၍ အရက်သောက် ထားခြင်းရှိ၊မရှိကို စက်ဖြင့်စစ်ဆေးခဲ့ရာ သွေးအတွင်း အရက်ပါ ဝင်နှုန်း ၀ ဒသမ ၀၈ ရာခိုင်နှုန်း ပြနေသဖြင့် ရဲဝန်ထမ်းက အိုင်ဒီကတ်မှ အချက် အလက် များကို မှတ်တမ်း ယူထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ရဲစခန်းက မြန်မာလုပ်သားကို ရဲစခန်းလာဖို့ အကြောင်းကြားစာ ရောက်လာပါတယ်။ အရက်သောက်ပြီး ဆိုင်ကယ် မောင်းနှင်မှုနဲ့ စစ်ဆေးခံခဲ့ပါတယ်။ပြီးတော့တစ်လကျော်လောက် အကြာမှာ ဒဏ်ကြေး ဝမ်ငွေ ဆောင်ဖို့ တရားရုံးက အကြောင်းကြားစာ ရောက်လာလို့ ဒဏ်ကြေးငွေ သိန်း ၅၀ ဝမ်ကို ပေးဆောင်ခဲ့ပါတယ်။ ဒါနဲ့ ပြီးသွားပြီ ထင်နေရာက လဝကရုံးကိုလာဖို့ အကြောင်းကြားစာ ထပ်ပြီးရောက်လာပြန်ပါတယ်”ဟု ကိုဇော်မိုးအောင်ကဆိုသည်။

ယင်းအကြောင်းကြားစာပါ ရက်နှင့်အချိန်အတိုင်းလဝကရုံး စစ်ဆေးဌာနကို ရောက်ရှိချိန် ဝမ် သိန်း ၃၀ အထက် ပြစ်မှုဆိုင်ရာဒဏ်ကြေး ပေးဆောင်ထားရတာကြောင့် နောက်ထပ် ၁ နှစ်ကျော် ဗီဇာ သက်တမ်းလည်း တိုးပေး၍ မရတော့ကြောင်းနှင့် ကိုးရီးယားနိုင်ငံက တစ်လအတွင်းထွက်ခွာရန် အမိန့်စာ ထုတ်ပေးလိုက်ကြောင်းသိရ သည်။

Leave a Reply

Your email address will not be published. Required fields are marked *