တောင်ကိုရီးယား အစိုးရက စားဖို့ မွေးမြူထား ခွေးတွေကို ပိုင်ရှင်တွေဆီက ပြန်မွေးစား ကယ်တင်မယ့် အစီစဉ်ကို အကောင်ထည်ဖော်ဖိူ့ စတင်

ဆိုးလ်၊ စက်တင်ဘာ ၂၆

အစားအစာအတွက် မွေးမြူထားတဲ့  ခွေးသန်းတစ်ဝက်နီးပါးကို တောင်ကိုရီးယားအစိုးရ အကူအညီနဲ့ ခွေးမွေးမြူသူတွေအတွက် ထောက်ပံ့မှုတွေနဲ့  မက်လုံးတွေ ပေးကာ ခွေးတွေကို ဘေးမဲ့ပေးနိုင်ဖို့ အစီအစဉ်   ၂၀၂၇ခုနှစ်အစောပိုင်းမှာ စအသက်ဝင်တော့မယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာနက ကြာသပတေးနေ့ (စက်တင်ဘာ ၂၆) မှာ ပြောဆိုလိုက်ပါတယ်။

၂၀၂၄ခုနှစ် ဇန်န၀ါရီလ ပါလီမန်က ခွေးသားစားခြင်းနဲ့  ရောင်းချခြင်းကို  တားမြစ်တဲ့ ဥပဒေကြမ်းကို အတည်ပြု ခဲ့ပြီး  နိုင်ငံတစ်နိုင်ငံရဲ့  ရာစုနှစ်များစွာ သက်တမ်းကြာနေတဲ့  ရိုးရာဓလေ့ကို အဆုံးသတ်စေခဲ့ပါတယ်။

စားဖို့ ခွေးမွေးမြူသူတွေ အပါအဝင် ခွေးသားရောင်တဲ့ စားသောက်ဆိုင်တွေကို ပိတ်သိမ်းဖို့ ဝမ် ၁၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၅ သန်း) လောက်အထိ သုံးစွဲမယ်လို့လည်း  စိုက်ပျိုးရေးဒုတိယဝန်ကြီး ပတ်ခ် ဗျောင်ဆူက ပြောပါတယ်။

လယ်သမားတွေအနေနဲ့ သူတို့ မွေးထားတဲ့  ခွေးတစ်ကောင်ချင်းစီအတွက် ဝမ် ၆၀၀၀၀၀ (အမေရိကန်ဒေါ်လာ ၄၅၂) အထိ ရရှိနိုင်ပြီး အာဏာပိုင်တွေ က  ဒီခွေးတွေကို  မွေးစားတာ ဒါမှမဟုတ် အမိုးအကာတွေ စနစ်တကျစီမံပြီး မွေးမြူတာတွေ လုပ်ကိုင်သွာမယ်လို့ သိရပါတယ်။

စိုစွတ်တဲ့ ကိုရီးယားနွေရာသီမှာ  ခွေးသားစားခြင်းက ရာသီဥတုကို ခံနိုင်ရည်ရှိစေတယ်လို့ ယုံကြည်ခဲ့ကြပေမယ့် အချိန်ကြာလာတာနဲ့အမျှ ကိုရီးယားလူမျိုးတွေဟာ ခွေးတွေကို  အိမ်မွေးတိရစ္ဆာန်အဖြစ် ပိုရှုမြင်လာရာကနေ အခုလို့ အစီစဉ်တွေ ပေါ်ထွက်လာခဲ့တာပဲ ဖြစ်ပါတယ်။

ဒီနေ့ တောင်ကိုရီးယားမှာ  ခွေးမွေးမြူရေးခြံပေါင်း ၁၅၀၀ ကျော်နဲ့ ခွေးသတ်ရုံ ၂၀၀ ကျော်ရှိနေဆဲ ဖြစ်သလို ခွေသားရောင်းတဲ့ စားသောက်ဆိုင်ပေါင်းက ထောင်နဲ့ချီ ရှိနေသေးတယ်လို့ သိရပါတယ်။

Ref:Reuters

ပုံစာ။ တောင်ကိုရီးယားက ခွေးသားဆိုင်တစ်ဆိုင်

Feature Image credit: ben weeler

Visited 39 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *