
Photo Credit: AFP
ဆိုးလ်၊ စက်တင်ဘာ ၂၃
ကေပေါ့ပ်နာမည်ကြီး ဘီတီအက်စ်တို့၊ ကြယ်ပွင့်ဘောလုံးသမား ဆွန်ဟောင်မင် စတဲ့နာမည်ကြီးတွေကို တောင်ကိုရီး ယား အစိုးရက စစ်မှုထမ်းဖို့အတွက် အကန့်အသတ်နဲ့ကင်းလွတ်ခွင့်ပေးထားချိန်မှာ ဂိမ်းသမား လူငယ် ဂိမ်မာတွေကလည်း အ လားတူ မဖြစ်မနေ စစ်မှုထမ်းခြင်းကနေ့ အကန့်အသတ်နဲ့ ကင်းလွှတ်ခွင့်ပေးဖို့ အခြေတင် ဆွေးနွေးတာတွေ လုပ်လာ ကြ တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ တောင်ကိုရီးယားရဲ့ အမျိုးသားဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်တဲ့အပေါ် အခြေခံပြီး လက်ရွေး စင်အား ကစားသမားတွေ ဒါမှမဟုတ် ဂန္တဝင်ဂီတသမားတွေကို ပုံမှန်အားဖြင့် ကင်းလွတ်ခွင့်ပေးလေ့ရှိနေတာပါ။
ဒါ့အပြင် စက်တင်ဘာ ၂၃ ရက်နေ့မှာ စတင်ကျင်းပတော့မယ့် အာရှအားကစားပြိုင်ပွဲက အားကစားနည်း တစ်ခုခုမှာ ရွှေတံဆိပ်ရအောင် ယူနိုင်ခဲ့ရင် စစ်မှုထမ်းကာလ ၁၈ လအလိုအလျောက် ကင်းလွတ်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
လက်တွေ့မှာလည်း “အနုပညာနဲ့ အားကစား” အတွက် ကင်းလွတ်ခွင့် ၁၀၀ထက် မနည်း အရင်နှစ် ၂၀၂၂ က ထုတ် ပေးခဲ့တာကို တရားဝင်စာရင်းဇယားတွေနဲ့ ဖော်ပြထားပါတယ်။
၂၀၁၈ခုနှစ်တုန်းကဆို အာရှအားကစားပြိုင်ပွဲမှာ တောင်ကိုရီးယား နိုင်ငံလက်ရွေးစင်အသင်း ရွှေတံဆိပ်ရခဲ့လို့ တောင် ကိုရီး ယားအသင်းခေါင်းဆောင်နဲ့ စပါးတိုက်စစ်မှူး ဆွန်ယောင်မင် ဟာ စစ်မှုထမ်းခွင့် အပြီးအပိုင် ကင်း လွတ်ခွင့်ရခဲ့ပါတယ်။
အခုတော့ တောင်ကိုရီးယားလူငယ်ဂိမ်မာတွေကလည်း စစ်မှုထမ်းရမယ့်ကိစ္စကို ဝင်ပြီး ဆွေးနွေးလာကြပြီ ဖြစ်ပါတယ်။ တစ်ကယ်တမ်းမှာလည်း ဒီနေ့ ကမ္ဘာမှာ ခေတ်စားလာတဲ့ e-sport လို့ ခေါ်တဲ့ ကစားကွင်းတွေထဲမှာ မဟုတ်ဘဲ ကွန်ပျူတာ တွေသုံးပြီး ယှဥ်ပြိုင်ရတဲ့ ဂိမ်းတွေကိုလည်း အားကစားတစ်လို မြင်လာနေကြပါပြီ။
လက်ရှိကျင်းပနေတဲ့ အာရှအားကစားပြိုင်ပွဲမှာလည်း e-sport အဖွဲတွေက အားကစားအမျိုးအစား တစ်ခု အနေနဲ့ ဝင်ပြီး ယှဥ်ပြိုင်နေပြီလို့ သိရပါတယ်။
Ref: AFP/jo