ဆိုးလ်၊ အောက်တိုဘာ ၂၆
တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်တိုက ရုရှားနိုင်ငံကို မြောက်ကိုရီးယားက လက်နက်နဲ့ စစ်ပစ္စည်းတွေ ထောက်ပံ့ ပေးတဲ့ လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့တဲ့ အကြောင်း ပူးတွဲ ကြောငြာချက်တစ်စောင်ကို အောက်တိုဘာ ၂၆ ရက် ကြာသပတေးနေ့မှာ ပူးတွဲထုတ်ပြန်လိုက်ပါတယ်။
ရုရှားနဲ့မြောက်ကိုးရီးယားတို့ဘက်ကတော့ ယူကရိန်းနဲ့ ရုရှားစစ်ပွဲမှာ အသုံးပြုဖို့အတွက် မြောက်ကိုရီးယားတို့က လက်နက် တွေ လွှဲပေးတယ် ဆိုတဲ့ ကိစ္စကို ငြင်းဆိုထားပေမယ့် ဝါရှင်တန်နဲ့ သုတေသီအများအပြားက နှစ်နိုင်ငံဆိပ်ကမ်းတွေ ကြား မှာ လက်နက်တွေတင်ဆောင်လာနိုင်တဲ့ ကွန်တိန်နာတင်သင်္ဘောတွေ ရွေ့လျားမှုကို ဖော်ထုတ်ဖော်ပြသခဲ့တယ်လို့ သိရပါ တယ်။
တင်ပို့မှုရဲ့ တိကျတဲ့ အကြောင်းအရာတွေကို အတည်မပြုနိုင်သေးပေမယ့်လည်း မြောက်ကိုရီးယားက ပို့လိုက်တဲ့ ကွန်တိန် နာ တွေ ကို ယူကရိန်းနယ်စပ်အနားက ရုရှားခဲယမ်းသိုလှောင်ရုံတစ်ခုကို ပို့ဆောင်ခဲ့တယ်လို့ သတင်း တွေက ဖော်ပြကြပါ တယ်။
“ကိုရီးယားသမ္မတနိုင်ငံ၊ အမေရိကန်နဲ့ ဂျပန်တို့ဟာ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ (DPRK) က ရုရှားဖက် ဒရေးရှင်းကို စစ်လက်နက်ပစ္စည်းတွေနဲ့ ခဲယမ်းတွေ ထောက်ပံ့ပေးတဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့အကြောင်းသိရပါတယ်။
“အခုကျွန်တော်တို့အတည်ပြုခဲ့တဲ့ လက်နက်အများအပြားပေးပို့ခြင်းက ရုရှားရဲ့ကျူးကျော်စစ်ပွဲမှာ လူသေဆုံးမှုကိုသိသိသာ သာ တိုးစေလိမ့်မယ်” လို့ သုံးနိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားဘက်ကလည်း မော်စကိုအတွက် သူတို့ရဲ့လက်နက်ထောက်ပံ့မှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ သူတို့ရဲ့ကိုယ်ပိုင် စစ်ရေးစွမ်းရည်ကိုမြှင့်တင်ဖို့ ရုရှားဆီက နည်းပညာအကူအညီကို တောင်းခံနေကြောင်းလည်း သတင်းတွေက ဖော်ပြပါတယ်။
Ref: Reuters/rc
ပုံစာ။ မြောက်ကိုရီးယားနဲ့ ရုရှား ခေါင်းဆောင် နှစ်ယောက် တွေ့ဆုံနေစဥ်
Feature Image Credit: Mikhail Svetlov | Getty Images News | Getty Images