တောင်ကိုရီးယားသမ္မတ ယွန်ဆွတ် ယိုးကို ထောက်ခံသူတွေက တရားရုံးအဆောက်အအုံကို ဝင်ရောက်စီးနင်း

ဆိုးလ်၊ ဇန်နဝါရီ ၁၉

တောင်ကိုရီးယားသမ္မတကို ထောက်ခံတဲ့သူ အယောက် တစ်ရာကျော်က တရားရုံး အဆောက်အအုံကို တနင်္ဂနွေနေ့ (ဇန်နဝါရီ ၁၉ ရက်) အစောပိုင်းမှာ ပြတင်းပေါက်တွေ ရိုက်ချိုးကာ  ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။

ယွန်ဟာ နိုင်ငံမှာ  အံ့မခန်း ဒီဇင်ဘာ ၃ ရက် စစ်အုပ်ချုပ်ရေးကြေညာမှုနဲ့  ဆက်နွှယ်တဲ့ စွပ်စွဲချက်တွေကြောင့် တရားရင်ဆိုင်နေရချိန် အခုလို ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီ ၁၉ရက် တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီဝန်းကျင်မှာ တရားရုံး ရဲ့ သမ္မတကို ဆက်ပြီး ဖမ်းဆီးထားဖို့ အမိန့် ဆုံးဖြတ်ချက်ကို ကြေညာပြီးတဲ့နောက် မကြာခင်မှာပဲ ယွန့်ကို ထောက်ခံသူတွေက အဆောက်အအုံကို ဝိုင်းအုံကာ လုံထိန်းရဲတွေက တားမြစ်ထားတဲံကြားက အခုလို စီးနင်းခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေက တရားရုံးရှေ့ဝင်ပေါက်မှာ  စောင့်ကြပ်နေတဲ့  ရဲတပ်ဖွဲ့ဝင်တွေရဲ့  မီးသတ်ဆေးဘူးတွေကို ဖောက်ခွဲခဲ့ပြီး ရုံးထဲက ရုံးသုံးပစ္စည်းတွေနဲ့ ပရိဘောဂတွေကို ဖျက်ဆီးခဲ့တာ ဗီဒီယိုမှတ်တမ်းတွေက တစ်ဆင့် တွေကြရပါတယ်။

ရဲတပ်ဖွဲ့က နာရီအနည်းငယ်အကြာမှာပဲ  ဆန္ဒပြသူ ၄၆ယောက်ကို ဖမ်းဆီးခဲ့ပြီး တခြားပါဝင်ပတ်သက်သူတွေ ကိုလည်း ခြေရာခံမယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

Ref: Reuters

ပုံစာ။ အခင်းဖြစ်ပြီး အပျက်အဆီးတချို့ကို တွေ့ရပုံ

Feture Image Credit: AFP

Visited 43 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *