
Photo Credit: Yonhap
အင်ချွန်း၊ မတ် ၂၈
တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတဟောင်းဖြစ်တဲ့ မစ္စတာ ချွန်ဒူးဝမ်ရဲ့ မြေးဖြစ်သူ ချွန်ဝူးဝမ် တစ်ယောက် မတ်လ ၂၈ရက် မနက် ၆နာရီဝန်းကျင်ကတောင်ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်ဆိုက်ရောက်ဂိတ်မှာ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ဖမ်းဆီး ခံလိုက်ရပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ ကွဲပြားတဲ့ ဥပဒေတစ်ရပ်အရ နိုင်ငံပြင်ပမှာ တောင်ကိုရီးယားနိုင်ငံသားတစ်ယောက်က ပြစ်မှုတစ် ခုခု ကျူးလွန်ခဲ့ရင်တောင် အဲ့ဒိနိုင်ငံသားကို ကိုရီးယားနိုင်ငံထဲ ပြန်ရောက်တဲ့အခါ အရေးယူနိုင်တယ်ဆိုတဲ့ ဥပဒေ ရှိနေပါ တယ်။ ဒါ့ကြောင့်မို့ ကိုရီးယားလူမျိုးတစ်ယောက် နိုင်ငံရပ်ခြားမှာ မူးယစ်ဆေးဝါးသုံးစွဲခဲ့ ရင်တောင် တရားစွဲခံရမှာ ဖြစ်ပါ တယ်။
ဒီဥပဒေနဲ့ပဲ နယူးယောက်မှာ နေတဲ့ ချွန်ဝူးဝမ် တစ်ယောက် ကိုရီးယားကို အရောက် လေဆိပ်အဝင်မှာတင် ရဲ့တပ်ဖွဲ့ရဲ့ လက်ထိပ်ခတ် အဖမ်းခံလိုက်ရတာပဲ ဖြစ်ပါတယ်။
ချွန်ဝူးဝမ်ဟာ အသက် ၂၇နှစ်ရှိနေပြီး ဆိုးလ်မြို့တော်ရဲတပ်ဖွဲ့ လက်အောက်က မူးယစ်ဆေးဝါး စုံစမ်းစစ်ဆေးရေးအဖွဲ့ကနေ သူ့ကို ဖမ်းဆီးခဲ့ပြီး နောက်ထပ် စုံစမ်းစစ်ဆေးတာတွေ လုပ်ဖို့ အတွက် ဆိုးလ်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။
အဖိုးဖြစ်သူ သမ္မတဟောင်း ချန်ဒူးဝမ်ဟာ ဗိုလ်ချုပ်ကြီးဟောင်း တစ်ယောက်ဖြစ်သလို ၁၉၈၀ ကနေ ၁၉၈၈ ခုနှစ်အထိ တိုင်း ပြည် ကို တင်းတင်းကျပ်ကျပ်အုပ်ချုပ်ခဲ့သူဖြစ်ပါတယ်။ အာဏာရှင်တစ်ယောက်အဖြစ်လည်း အသတ်မှတ်ခံခဲ့ရသလို ၁၉၈၀ ခုနှစ် မေလမှာ ဖြစ်ပွားခဲ့တဲ့ ဂွမ်ဂျူးအရေးအခင်းမှာ အကြမ်းဖက်နှိမ်နှင်းခဲ့လို့ ကျောင်းသားလူငယ်တွေအများဆုံး ပါဝင်တဲ့ ဆန္ဒပြသူတွေ ရာနဲချီ သေဆုံးခဲ့ရတဲ့ သွေး ထွက် သံယိုနှိမ်နင်းမှုအတွက် တာဝန်ရှိသူလည်း ဖြစ်တယ်လို့ ဆို ပါတယ်။
သူအုပ်ချုပ်ခဲ့တဲ့ ကာလတွေထဲမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအပါအဝင် အခြားသေဆုံးမှုတွေအားလုံးကို သူက အသိမှတ်မပြုခဲ့သလို တစ်ကြိမ်တစ်ခါလောက်တောင် တောင်းပန်မှု မရှိခဲ့ဘူးလို့ သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြပါတယ်။ ၂၀၂၁ နှစ်ကုန်ပိုင်း အသက်၉၀ အရွယ်မှာတော့ တောင်ကိုရီးယားနိုင်ငံမှာပဲ ကွယ်လွန်ခဲ့ပါတယ်။
Ref: ANN