တောင်ကိုရီးယားမှာ အိမ်မွေးတိရိစ္ဆာန်တွေကို AI နည်းပညာနဲ့ ရောဂါရှာဖွေကုသပေးတာကို စပြီး အကောင်အထည်ဖော်

ဆိုးလ်၊ ဩဂုတ် ၂၂

တောင်ကိုရီးယားနိုင်ငံမှာ ၂၀၂၄ခုနှစ် နှစ်လယ်ကစပြီး အိမ်မွေးတိရစ္ဆာန်တွေ အတွက် လိုအပ်တဲ့ ကုသမှု မှန်သမျှကို အဆင့်မြင့် AI နည်းပညာတွေနဲ့ ကုသမှုတွေ စပေးနေပြီလို့ သိရပါတယ်။

အသုံးပြုနေတဲ AI အပလီကေးရှင်းကတော့ “X Calibre” ဖြစ်ပြီး တိရစ္ဆာန်ဆရာဝန်တွေက အဲ့ဒိအပလီ ကေးရှင်းကနေ တိရစ္ဆာန်တွေရဲ့ မူမမှန်တာတွေ၊ရောဂါဇစ်မြစ်တွေကို  စက္ကန့်ပိုင်းအတွင်း ရှာဖွေဖော် ထုတ်နိုင်အောင် ကူညီပေးနိုင်တာမို့ ရောဂါရှာဖွေမှုတွေကို ပိုပြီးမြန်မြန်ဆန်ဆန်ဖော်ထုတ်နိုင်ပြီလို့ ဆိုပါတယ်။

ဆော့ဖ်ဝဲပြုစုသူ တောင်ကိုးရီးယား တယ်လီကွန်းအဖွဲက (SK Telecom) က X Calibre မှာ ရောဂါရှာဖွေတွေ့ ရှိမှုနှုန်း ၈၆ရာခိုင်နှုန်းအထိရှိတဲ့အကြောင်း ပြောပါတယ်။

ဒီလို့ လုပ်ကိုင်နေတာက တောင်ကိုရီးယားနိုင်ငံရဲ့ အရင်က အသုံးပြုခဲံတဲ့ တိရစ္ဆာန်ကုသရေး စနစ်တွေကိ အစစ ကျော်လွှားသွားခဲ့စေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

ဒါက တိရစ္ဆာန်ဆေးကုဆရာဝန်တွေရဲ့   ရောဂါရှာဖွေနိုင်စွမ်းကို ပြောင်းလဲစေခဲ့တယ်လို့လည်း ပြောပါတယ်။

“ဥပမာအားဖြင့် နှလုံးရောဂါရှိတဲ့ ခွေးတွေဟာ နှလုံးတွေ ကျယ်လာတတ်ပါတယ်။ VHS (ကျောရိုးနှလုံး အရွယ်အစား) လို့ခေါ်တဲ့ နည်းလမ်းကို တစ်ခုပြီးတစ်ခု တိုင်တိုင်းတာဖို့ လိုအပ်ပါတယ်” ဆိုပြီး Sky Animal Medical Groupရဲ့  CEO ဖြစ်တဲ့ အို အီဆဲက  AFP ကို ​​ပြောပါတယ်။ ဒါတွေက အခုလို အဆင်မြင့် နည်းပညာတွေက စက္ကန့်ပိုင်းထဲမှာ အလွယ်တကူလုပ်နိုင်ခဲ့ပြီ လို့လည်း ပြောဆိုကြောင်း သိရပါတယ်။

Ref: AFP

ပုံစာ။ AI နည်းပညာနဲ့ စမ်းသပ်နေပုံ

Feature Image credit: cna

Visited 56 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *