တောင်ကိုရီးယားမှာ အတိုက်အခံပါတီခေါင်းဆောင်လီဂျေး မြောင် သတင်းစာရှင်းပွဲမှာ ဓါးနဲ့ လည်ပင်းကို ထိုးခံရ

တောင်ကိုရီးယားနိုင်ငံရဲ့ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဘူဆန်မြို့မှာ ဇန်နဝါရီလ၂ရက်နေ့မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အတိုက်အခံ ကိုရီးယားဒီမိုကရက်တစ်ပါတီခေါင်းဆောင်ဖြစ်တဲ့လီဂျေးမြောင်ဟာ ဓါးနဲ့လည်ပင်းကို ထိုးခံခဲ့ရတာကြောင့် သတိလစ်သွားခဲ့ပြီး ဒေသတွင်းတက္ကသိုလ်ဆေးရုံကို ပို့ဆောင်ဆေးဝါးကုသမှုခံယူခဲ့ရတယ်လို့ ရိုက်တာသတင်းတစ် ရပ်မှာ ဖော်ပြခဲ့ပါတယ်။

ဓါးနဲ့ထိုးခံခဲ့ရတဲ့ အတိုက်အခံ ကိုရီးယားဒီမိုကရက်တစ်ပါတီခေါင်းဆောင်လီဂျေးမြောင်ဟာ အသက်၅၉နှစ်အ ရွယ်ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံက အင်ချွန်းမြို့ရဲ့ လွှတ်တော်အမတ်တစ်ဦးဖြစ်တယ်လို့ သိပါတယ်။

ခေါင်းဆောင်လီဂျေးမြောင်ဟာ ပြီးခဲ့တဲ့၂၀၂၂ခုနှစ်သမ္မတရွေးကောက်ပွဲမှာ လက်ရှိတောင်ကိုရီးယားသမ္မတ ယွန်း ဆက်ယိုကျို မဲအရေအတွက် ပွတ်ကာ သီကာနဲ့သာ ရှုံးနိမ့်ခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၂၇ခုနှစ်မှာ ကျင်း ပမယ့် သမ္မတရွေးကောက်ပွဲကိုလည်း ဝင်ရောက်ယှဥ်ပြိုင်ဖို့ ပြင်ဆင်နေသူလည်း ဖြစ်တယ်လို့သိရပါတယ်။

အတိုက်အခံ ကိုရီးယားဒီမိုကရက်တစ်ပါတီခေါင်း ဆောင်လီဂျေးမြောင်ကို လူစည်ကားချိန် မြို့လယ်ကောင်မှာ အခုလိုတိုက်ခိုက်ခံခဲ့ရတာနဲ့ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့ တုန်လှုပ်စရာကိစ္စရပ်တစ်ခုဖြစ်တဲ့အပြင် တိုက်ခိုက်မှုအပေါ်ကိုရီးယားနိုင်ငံရေးအသိုင်း အဝိုင်းထဲကလူတွေကလည်း ရှုံ့ချပြစ်တင်ခဲ့ကြတယ်လို့ သိရပါတယ်။

ခေါင်းဆောင်လီဂျေးမြောင်ကို တိုက်ခိုက်ခဲ့သူဟာ အ သက် ၆၆နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ရည်ရွယ် ချက်ရှိရှိနဲ့တိုက်ခိုက်ခဲ့တာဖြစ်တဲ့အပြင် တိုက်ခိုက်မှုဖြစ် ပွားပြီး ချက်ချင်း ဖမ်းမိခဲ့တယ်လို့ Yonhap သတင်းဌာနေမှာ ဖော်ပြထားပါတယ်။

အတိုက်အခံပါတီခေါင်းဆောင်တိုက်ခိုက်ခံခဲ့ရမှုအပေါ်တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုက ရှုတ်ချခဲ့ပြီး လက်မခံနိုင်တဲ့ လုပ်ရပ်ဖြစ်တဲ့အပြင် လီအတွက် အလွန်စိုးရိမ်ကာ အမြန်ပြန်လည်ကောင်းမွန်လာစေဖို့နဲ့အ ကောင်းဆုံး ဂရုစိုက်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

Visited 16 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *