တောင်ကိုရီးယားမှာ လူငယ်တွေ အိမ်ထောင်ရေးကို စိတ်ဝင် စားပြီး ကလေးမွေးဖို့ လိုအပ်နေတယ်လို့ တာဝန်ရှိသူတွေက ငြီးတွား

ဆိုးလ်၊ စက်တင်ဘာ ၂

တောင်ကိုရီးယားနိုင်ငံအနေနဲ့ လူငယ်တွေဟာ အိမ်ထောင်ရေးကို စိတ်မဝင်စားကြလို့ ကလေးမွေးဖွားနူန်း ဆက်တိုက်ကျနေ သလို သက်ကြီးရွယ်အိုတွေလည်း တိုးလာနေတာမို့ နိုင်ငံခြားအလုပ်သမားတွေ ပိုလို အပ်လာတယ်လို့ အစိုးရအဖွဲ့တာဝန်ရှိ သူတွေက ငြီးတွားနေတယ်လို့ သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ လူငယ်တွေက  အိမ်ထောင်ရေးနဲ့ ကလေးတွေကို စိတ်ဝင်စားလာဖို့ ရုန်းကန်နေရချိန်မှာ အာဏာ ပိုင် တွေဟာ  အိမ်ထောင်စုဝန်ထုပ်ဝန်ပိုးတချို့ကို ကူညီဖို့ နိုင်ငံခြားအလုပ်သမားတွေကို တင်သွင်း ခေါ်ယူတဲ့  နည်းလမ်း သစ်တစ် ရပ်ကို ကြိုးစားနေတယ်လို့ သိရပါတယ်။

ဆိုးလ်မြို့တော်မှာ နိုင်ငံခြား အိမ်အကူ အယောက် ၁၀၀ ကို ဒီဇင်ဘာလ အစောပိုင်းမှာ စပြီး အလုပ် လုပ်ခွင့် ပေးမယ့် ရှေ့ပြေး အစီအစဉ်တစ်ခုကို  အစိုးရက စက်တင်ဘာ ၁ရက် သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ တောင်ကိုရီးယား နိုင်ငံဟာ သက်ကြီးရွယ်အို ဦးရေတိုးလာတာနဲ့ ရင်ဆိုင်နေရပြီး ကဏ္ဍ အသီးသီးမှာ လုပ်သားအင်အားနည်းပါးတာအပြင် လုပ်သားရှားပါးလာတာတွေကြောင့်  နိုင်ငံခြား အလုပ်သမား တွေကို အလုပ်ခန့်ပြီး အရည်အချင်းပြည့်မီတဲ့ စက်မှုလုပ်ငန်းနဲ့ ကုမ္ပဏီတွေကို တိုးချဲ့သွားမယ်လို့ သိရပါတယ်။

လတ်တလောမှာတော့  အိမ်အကူလိုအပ်မှုက အမြင့်ဆုံးရှိပြီး  စမ်းသပ်မှုအစီအစဉ် တစ်ခုအဖြစ် အသက်၂၀ ကနေ ၄၀ကြား လင်မယားနှစ်ယောက်လုံးအလုပ်လုပ်ကြတဲ့ ဇနီးမောင်နှံတွေ၊ အိမ်ထောင်ကွာထားတဲ့ ကလေးရှိသူတွေ သာမက  ကလေးအများကြီး မွေးထားတဲ့ မိသားစုတွေဆီကို  နိုင်ငံခြားအိမ်အကူလုပ်သားတွေ ဦးစားပေးစေလွှတ်မှာ ဖြစ်ပါတယ်။

အဲ့ဒိအစီအစဉ်ဟာ “အိမ်မှုကိစ္စနဲ့ကလေးစောင့်ရှောက်ရေးဝန်ထုပ်ဝန်ပိုးကိုလျှော့ချပေးဖို့ ရည်ရွယ်တာပါ” လို့ ဝန်ကြီး ချုပ် ရုံးက သတင်းထုတ်ပြန် လိုက်ပါတယ်။

ကလေးစောင့်ရှောက်မှုနဲ့ အိမ်မှုကိစ္စစတဲ့ဝန်ထုပ်ဝန်ပိုးတွေက တောင်ကိုရီးယားရဲ့ အိမ်ထောင်ရေးနဲ့ ကလေး မွေးဖွားနှုန်း ကျဆင်းလာရတဲ့ အကြောင်းရင်းတစ်ခုဖြစ်သလို အရင်ကာလတွေ ကတည်းက နေထိုင်မှုစရိတ်စက မြင့်တက်မှုရယ်၊ ပညာ တတ်အမျိုးသမီးတွေက သူတို့ရဲ့  အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ရပ်ဆိုင်းဖို့ ၊စွန့်လိုက်ဖို့  ဆိုတာတွေကို လုံးဝမလိုလားကြပါဘူး။ ဒါကလည်း အရေးကြီးတဲ့ တစ်ချက်လို့ ဆိုပါတယ်။

အခု သီတင်းပတ်အစောပိုင်းက အစိုးရအစီရင်ခံစာတစ်ခုအရ အသက် ၁၉ နှစ်က ၃၄ နှစ်ကြား ထက်ဝက်ကျော်ဟာ အိမ်ထောင်ပြုပြီးတဲ့တိုင်အောင် ကလေးယူဖို့ လိုအပ်တယ်လို့ မယူဆကြဘူးလို့ သိရပါတယ်။

အစိုးရအနေနဲ့ကလည်း မိသားစုတွေကို  ကူညီဖို့ ဝမ်ဘီလျံနဲ့ချီ သုံးခဲ့ပေမယ့် မအောင်မြင်သေးဘူးလို့ ပြောဆိုလိုက် ပါတယ်။

Ref: CNN

ပုံစာအညွှန်းတွေ့ရခဲသွားတဲ့ တောင်ကိုရီးယားစု ပုံစံတစ်ခု

Feature Image Credit: AP

Leave a Reply

Your email address will not be published. Required fields are marked *